အခန်း (၂၇) - ချစ်မေတ္တာဟူသည် (၂)

Start from the beginning
                                    

စဉ်းစားကြည့်ပါလျှင် Mask အုပ်ထားရသော သူအနေဖြင့် ထိုကစားနည်းကို မည်ကဲ့သို့
ကစားနိုင်မည်လဲလေ ။

"ကိုယ် ... Mask ချွတ်ပြီး
ကစားလိုက်ရမလားဟင် ??"

အတွေးတွေလွန်ပြီး ငုတ်တုတ်မေ့နေသည့် ကျွန်မနားကို ကပ်ကာ တိုးတိုးလေး
လာပြောသည့် သူ့စကား။

ထို့ကြောင့် ခေါင်းကို ဆတ်ကနဲ သူ့ဘက်လှည့်လိုက်ပြီး

"ဂျီမင်း နော် ... မနောက်နဲ့ "

နှုတ်ခမ်းလေး စူပီး စူပုတ်ပုတ်လေးလုပ်ကာ ပြောလိုက်မိတော့ ကျွန်မကို သေသေချာချာကြည့်ပီး ရယ်နေလေသောသူ ။

ထိုကဲ့သို့ မျက်လုံးလေးတွေ မှေးမှိတ်သွားခြင်းဖြင့် ရယ်နေမှန်း သိသာစေသော သူ ၊
Mask သာ မအုပ်ထားလျင် သူ့ရဲ့ နှုတ်ခမ်းဖူးဖူးလေးတွေ ပွင့်ဟပြီး လှိုက်လှိုက်လှဲလှဲ ရယ်မောနေတာကိုပါ မြင်ရမည်လေ။

အခုတော့ ကျွန်မတို့နှစ်ယောက်ကြား ခြားထားသည့် Mask ဟုခေါ်သော အနက်ရောင် ပိတ်စလေးကြောင့် သူ့အပြုံးတွေနဲ့ ဝေးကွာနေတုန်း ။ တကယ်ဆို သူ့အရယ်အပြုံးလေးတွေကို မျက်ဝါးထင်ထင် တွေ့မြင်ချင်လှပါပြီဟု စိတ်ထဲမှာတော့ ခဏခဏ တောင်းတနေမိသည်။

"ကိုယ်က ... ဆုယောင်း နဲ့ အဲ့ကစားနည်းကို ကစားကြည့်ချင်ပါတယ်ဆိုမှကွာ"

ကလေးတစ်ယောက်လို အလိုမကျစွာ ပြောလိုက်တဲ့ သူ့စကားက သူ့အနေနဲ့ မည်သို့ အဓိပ္ပာယ်သတ်မှတ်ကာ ပြောလိုက်သည်မှန်း မသိသော်လည်း ကျွန်မအနေနဲ့တော့ ထိုစကားကိုကြားကြားချင်း ရင်တွေအတိုင်းမသိ ခုန်လှုပ်ရင်း ပါးပြင်တဝိုက် သွေးကြောနီနီလေးတွေ ထကြွသွားသည်။

အဲ့ကစားနည်းရဲ့ ပုံစံအရ ချစ်သူနှစ်ဦး Candy တစ်လုံးကို ပြိုင်တူငုံခဲထားချိန် ဘယ်လိုပဲဖစ်ဖစ် နှုတ်ခမ်း၂ ခုကတော့ ထိကပ်သွားမှာပဲ မဟုတ်လားလေ ။

Indirected Kissဟု သတ်မှတ်နိုင်သည့် သွယ်ဝိုက်သော နည်းလမ်းဖြင့် အနမ်းပေးခိုင်းခြင်းဟု ခေါင်းစဉ်တပ်ရမည့် ထိုကစားနည်းကို သူက ကျွန်မနဲ့ ကစားကြည့်ချင်တယ် ဟူ၍ ယခုလိုဆိုလိုက်ခြင်းကြောင့် ကျွန်မရဲ့ ရင်ခုန်သံတွေ မူမမှန်ဖြစ်ကုန်ရတာတော့ ကျွန်မနှလုံးသားလေးရဲ့အလွန် မဟုတ်ဘူးဟုသာ ထင်မိပါသည်။

အချစ်ဦးသည်သာWhere stories live. Discover now