အခန်း(၂၆) - ချစ်မေတ္တာဟူသည် (၁)

2.3K 253 194
                                    

Unicode ‼️

🌹ချစ်ရတဲ့သူ အနားမှာရှိတဲ့ ဤကမ္ဘာ
ပျော်စရာအတိနဲ့သာ
ဖုံးလွှမ်းနေတာ။

🌹တူနှစ်ကိုယ် အပြုံးချင်းဖလှယ်ကာ
ကြည်နူးခြင်းအပြည့်နဲ့
ပန်းတိုင်အဆုံးထိ
ဆက်လျှောက်ချင်တာ။

🌹ထို့နည်းတူစွာ နောင်သံသရာအထိပါ
မင်းရဲ့ လက်ကလေးကို
မဖြုတ်စတမ်း ကိုယ်..ဆွဲကိုင်ထားမှာပါ။

•••••  အချစ်ဦးသည်သာ ••••••


ချစ်တဲ့သူဦးဆောင်၍ ခေါ်ဆောင်သွားရာ နောက်ကို မမောမပန်းစတမ်း လိုက်ခဲ့ပြီး ရည်ရွယ်ရာနေရာသို့ ရောက်ချိန်မှာတော့ မထင်မှတ်စွာပင် များပြားလှသည့် လူအုပ်ကြီးနှင့် ခမ်းနားစွာ ပြင်ဆင်ထားသည့် စင်မြင့်ကြီးကို တအံ့တသြ တွေ့မြင်ခဲ့ရတော့သည်။

ခရီးသွားရာသီမို့ထင်။ ကမ်းခြေသို့ အပန်းဖြေခရီးထွက်လာကြသူများမှာ မနည်းမနော။ ပတ်ဝန်းကျင်တစ်ခုလုံးက တကယ့်ကို အုံးအုံးကြွက်ကြွက် ဆူဆူညံညံ။

ထို့အတူ မကြာခင် ပြုလုပ်သွားမည့် ပြိုင်ပွဲ အစီအစဉ်တွေကို ပြောပြနေသည့် စင်မြင့်ထက်ရှိ MC ရဲ့ အသံကလဲ ကျယ်လောင်ပေမဲ့ နားထဲဝင်တချက် မဝင်တချက်။

အကြောင်းမှာ ချစ်ရသူရဲ့ နွေးထွေးနူးညံ့တဲ့ ဖယောင်းပမာ လက်ဖဝါးနုနုကလေးက အခုချိန်ထိ ကျွန်မလက်ကို လက်တွဲမဖြုတ်စတမ်း ဆုပ်ကိုင်ပေးထားပြီး နေရာကောင်းမြင်ကွင်း ကောင်းရှာရန် လူအုပ်ထဲသို့ တိုးဝှေ့ကာ ခေါ်ဆောင်သွားနေသောကြောင့်။

အတိုင်းအဆမဲ့ တဒုတ်ဒုတ် ခုန်လှုပ်နေတဲ့ ရင်ခုန်မှုတွေကလဲ ဆက်လက်အရှိန်မြှင့်တင်ဆဲ။ ရပ်တန့်သွားရန် အကြောင်းမရှိ။

လူအုပ်ကြားထဲ တိုးဝှေ့ရင်းဖြင့် နောက်ဆုံးတွင်တော့ ရှေ့ဆုံးထိသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိကာ နေရာကောင်းကောင်း ရခဲ့တော့သည်။ ထိုအခါကျမှသာ MC ပြောနေသည့် အကြောင်းအရာများကို သေချာအာရုံစိုက်နိုင်ခဲ့သည်။

"စုံတွဲ ၁၀ တွဲသာ လက်ခံပြီး ပြိုင်ပွဲကျင်းပပေးမှာမို့ ပြိုင်ပွဲဝင်ချင်တဲ့  Couple တွေ စင်ပေါ်မြန်မြန်လေး တက်လာကြမယ်နော်...

အချစ်ဦးသည်သာWhere stories live. Discover now