အခန်း(၂၆) - ချစ်မေတ္တာဟူသည် (၁)

Start from the beginning
                                    

ဟောဗျာ....လာပါ...ရှက်မနေကြပါနဲ့လား...

ပြီးမှ လူပြည့်သွားလို့ မပြိုင်ရဖြစ်ပြီး နောင်တရနေမယ်နော့....ဆုတွေကလဲ ထိုက်ထိုက်တန်တန်ဆုချီးမြှင့်ပေးမှာပါခင်ဗျ...နိုင်နိုင် မနိုင်နိုင် ပြိုင်ပွဲဝင်ယုံနဲ့ကို Couple အကျီရပြီမှတ်...

ဟော... ပထမဆု ရရင်တော့လား ကြိုက်နှစ်သက်ရာ နေရာဒေသတစ်ခုကို စုံတွဲအတူခရီးသွားခွင့်ရမှာပါ... ကျွန်တော်တို့ Company က Sponsor ပေးမှာပါခင်ဗျ....

နာမည်ကြီးနေရာဒေသကို စုံတွဲအတူတူ ခရီးထွက်ခွင့်ရမှာဆိုတော့... ဘယ်သွားချင်လဲသာပြော... ဖူးခက်ကမ်းခြေသွားမလား....
ဥရောပဘက်သွားမလား....
ဟာဝိုင်အီသွားမလား ကြိုက်ရာရွေးလို့ရတယ်လေ...

ကျွန်တော်တို့ "Star" ခရီးသွားAgency ကနေ ဒီGwangalli Beach မှာ နှစ်စဉ် ဒီလို Couple ပြိုင်ပွဲလေးတွေ လာလုပ်လေ့ရှိတာကိုသာ လူကြီးမင်းတို့က အမှတ်ရပေးပါလို့ မေတ္တာရပ်ခံပါရစေ....

ဟော.... ပြောရင်းဆိုရင်း ပြိုင်ပွဲဝင်မဲ့ Couple တွေ စင်ပေါ်ကို အလျိုလျို တက်လာကြပြီခဗျာ့....

ဟုတ်ကဲ့... အခုဆိုရင် စုံတွဲ ၅ တွဲရှိပါပြီ ... အဲ ... ၆ တွဲဖြစ်သွားပါပြီ .... ဟုတ်ကဲ့ခဗျ .... ၉ တွဲအထိ စင်မြင့်ပေါ် နေရာယူပြီးကြပါပီ.... တစ်တွဲပဲ ကျန်ပါတော့တယ် .... "

တောက်လျှောက် မနားစတမ်း အာပေါင်အာရင်းသန်သန်နဲ့ ပြောသွားတဲ့ MC ရဲ့နောက်ဆုံး စကားတစ်ခွန်း အပြီးမှာတော့ သူနဲ့ကျွန်မ တစ်ယောက်နဲ့ တစ်ယောက် ပြိုင်တူကြည့်မိကြသလို ခုထိ မလွှတ်ရသေးတဲ့ သူ့ရဲ့ လက်ကလေးကလဲ ကျွန်မလက်ကို ခပ်တင်းတင်းလေး လာဆုပ်ကိုင်လေတယ်။

ထိုအခိုက်မှာ

"ဟော ဟိုရှေ့က လက်ချင်းတွဲထားတဲ့ စုံတွဲလေး။ Mask အုပ်ထားတဲ့ ညီလေး နဲ့ ဘေးက အရမ်းချောတဲ့ ညီမလေးတို့စုံတွဲ လာပြိုင်လှည့်ပါလားလို့... တစ်တွဲပဲကျန်တော့တာခင်ဗျ... လူစုံရင် ပြိုင်ပွဲလေး စရအောင်လို့ပါ "

တကယ်ကို MC ခေါ်ထိုက်ပြီး အပြောကောင်းသလို မျက်လုံးပါလျင်တဲ့ MC ကြီး သူလက်ညိုးညွှန်ပြီး ပြောနေတာ ကျွန်မတို့ နှစ်ယောက်ကို။

အချစ်ဦးသည်သာWhere stories live. Discover now