အပိုင်း (၂)

8K 1K 69
                                    

ချစ်စရာကောင်းတဲ့ ကောင်လေး တစ်ယောက် ဘာလို့ လိုလည်း ဆိုတာ Kyung Soo စဉ်းစား မရ သူဆိုတာလည်း အထက်တန်း ကနေ ဒီကနေ့ဒီအချိန်ထိ အခု လို ကိစ္စတွေ ကြုံဖူး တာမဟုတ်

ကျောင်းတက်တုန်းကလည်း ကျောင်းစာ ကျောင်းပြီးတော့လည်း အလုပ်တွေ နဲ့ဘဲ ပတ်ချာ ရမ်းနေရတာ

~ မရဘုးKyung Soo မင်း မျက်နှာပေါင်းတင်ရမယ်

အလိုလေး တစ်ချိန်လုံး မျက်နှာ ကို ပေါင်းတင် တဲ့ ဟာကြီး ကပ်ထားကာ ကွန်ပျု တာကို တဒေါက်ဒေါက် နှိပ်လေနေသော Luhan Hyung စကားကြောင့် လူက နင်သွားရသည်

~ မျက်နှာတွေကလည်း နေလောင်ထားသေး

~ ဒီ ဆံပင်တွေ ကလည်း ငုပ်တိုတို နဲ့ ကြမ်းနေသေးတာ Kyung Soo ရာ

~ ကြည့်ပါဦး ဝတ်ထားတာကလည်း ဈာပန က ပြန်လာ သလားဘဲ

မဖြစ်သေးဘူး Mission မကျရေး အတွက် မင်း ကို ငါ သေချာ ပြင်ပေးမယ်

Luhan Hyung က ကွန်ပျု တာကို ပိတ်ကာ သူ့ကို ဆွဲခေါ်လေတော့ သူယောင်တောင်တောင် နဲ့ ပါသွား ရသည်

ထိုနေ့ က သူနဲ့ လုံး ဝ မကျွမ်းကျင်သည့် နယ်ပယ်တွေ ဖြစ်တဲလ Beauty Salon Shopping တွေနဲ့ တင် တစ်နေကုန်ကာ သူ့ကတ်ထဲက ပိုက်ဆံတွေလည်း တော်တော် ကျွတ်သွားရသည်

ထိုသို့ စိတ်ပင်ပန်း လူပင်ပန်း ငွေ ပင်ပန်း ဖြစ်ပြီး သူ့ရုပ်ကိုသူ ပြန်ကြည့်တော့ အသက် အပြည့် သေးတဲ့ အလယ်တန်း ကျောင်းသား လိုလို ဘာလိုလို

ဆံပင်တွေ တွေလည်း အညို ဘက် သမ်းတဲ့ အရမ်း ဆိုးထားပေးကာ ထိပ်နားလေး ကို အကြေကောက် လိုလို ကောက်ထား ပေးလေတော့ နဂို ကမှဝိုင်းပါသည် ဆိုသည့် သူ့ မျက်ဝန်းတွေက ပြူးနေ သယောင်ယောင်

~ တကယ် ချစ်စရာလေးKyung Sooahh

တစ်ခါ မှ အနီး ကပ်ကြီး မနေဘူး တဲ့ Luhan Hyung က ဖျက်ခနဲ့ သူ့ပါး ကို နမ်းလိုက်လေတော့ သူလန့်သွားရသည်

~ တကယ်ကြီး ချစ်စရာကောင်းနေတာလား

~ ဟုတ်တယ် ရော်

Mafia Leader Kim ( Uni+Zaw)On viuen les histories. Descobreix ara