အပိုင်း (၁၅)

5.9K 903 138
                                    

Kyung Soo ပြုံးမိသည် ဒီ စက် အသေးလေး လက်ထဲ ရောက်လာ ပြီး ကတည်း က လူက ဂနာ မငြိမ် ဖြစ်နေ ရသည် မဟုတ် ပါလား  နူးညံ့ အိစက်နေတဲ့ ခုတင်ကြီး ပေါ် အားပါး တရ လှဲ အိပ်နေရာ ကနေ  ရေချိုး ခန်း ထဲ အသာလေး ပြေးဝင်လာခဲ့ သည်

အင်း သူ ရေချိုး ခန်း ထဲ ရောက်ပြီး ဆိုတာ နဲ့ အစောနက ဖြစ်နေတဲ့ ခံစား မှု့နဲ့ကွာခြားတဲ့ နောက်ထပ် Feeling တစ်ခု ပါးနှစ်ဖက် အလိုလို ရဲတောက် လာကာ သူပြန်မြင်ယောင် မိသည် က  အစောနက သူနဲ့ Leader Kim ရဲ့ရေချိုးခန်း ထဲက ပုံရိပ်များ

မဟုတ်သေးပါဘူးခုချိန်မှာဒါတွေ တွေးနေလို့မဖြစ်သေး မကြာခင် မှာ သူ့ အဘွားယောင် ဆောင်ပြီး ရောက်လာတော့မယ့် Luhan Hyung အကြောင်း တွေးရင်း စိတ်ပူ နေရမှာ မဟုတ်လား

အတွေးက ချက်ချင်း ဆိုသလို တွေးမိသည် နဲ့ လူက ပူပန် လာရသည်

အဆင်မှ ပြေပါ့ မလား Luhan Hyung သာ တလွဲ လုပ်မိလို့ ကတော့ သူရော Luhan Hyung ပါ ဒီနေရာ တင် ခေါင်းပျက်ကိန်း ရှိသည်

သူတို့ နဲ့ ကစား နေတဲ့ Leader Kim ဆိုတာ အချဉ်မှ မဟုတ်တာ

~~~~~~~******~~~~~~~

ရေ တစ်ခါထပ်ချိုး ပြီး ရေခန်းထဲက ပြန်ထွက် လာတော့ စက်သေးသေး လေးကိုရေချိုခန်း ထဲမှာလုံအောင် ထားခဲ့သည်သူ့ကိုယ်ထဲ ဖွက်ထားလို့ကလည်း မဖြစ် LeaderKim အကြောင်း သူကောင်းကောင်း သိနေသည်ကိုး

အဲ့ လူကြီးလက်တွေက အစိုးရတာ မှမဟုတ်တာ

~ Princess!!!!!!

အတွေးတွေ ထဲ မျောနေသည့် Kyung Soo အား နောက်နား က နေ ကပ်ကာ လည်တိုင်ကို နှုတ်ခမ်းထူထူ တို့နဲ့ ဖိကပ်နမ်းရင်း ခေါ်လိုက် သည့် အသံကြောင့် Kyung Soo တစ်ကိုယ်လုံး ဖျဉ်း ကနဲ့ ကြပ်သီး တောင် ထသွား ရသည်

~ ဟင်

အလန့် တကြားပင် ကိုယ်မှာပတ်ထား သည့် တပတ် ကို တင်း နေအောင် ပြန်ဆွဲ ရင်း မေးမိတော့ Leader Kim မျက်လုံးတွေ ကိုက ပြုံးစစ နဲ့

~ ရေထပ်ချိုး တယ် အစော နကတင် ကိုယ်နဲ့ အတူ ချိုးလာတာတောင်လေ

ပြောလည်း ပြောလက်ကလည်း Kyung Soo ခါးတွေ ကို ဖက်လိုက်သည်ကြောင့် Kyung Soo ရင်ထဲ ဆူနာမီ ရောက်လာ သည် အလား

Mafia Leader Kim ( Uni+Zaw)Where stories live. Discover now