~ Kim !!!!!!Leader Kim !!!!!
ပစ်ခတ်မှု့ ဖြစ်သွားတာကြောင့် ဟောပြောပွဲ နေရာထဲ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကာ ရှုပ်ရှက်ခတ်သွားသည်
~ Kim !!!!! သတိထားဦးလေ ခင်ဗျား ဗျာ!!!!
Kyung Soo ရှေ့က ကာလိုက်တာမို့ ခေါင်း ကိုထိသွားကာ သွေး အလူးလူး နဲ့ လဲကျနေပုံ က မြင်မကောင်း
~ Kim !!!! Kim လို့ !!!
Kyung Soo ငိုရင်း အော်ခေါ်တော့ Leader Kim က သူ့အား ခပ်ရေးရေး အပြုံး လေးနဲ့ လှမ်းကြည့် လာသည် Kyung Soo သူ အမြန် ထိုင်ချကာ သွေးတွေ ထွက်နေတဲ့ Leader Kim ခေါင်း ကို သူ အင်္ကျီ နဲ့ သွေးတိတ်အောင် အသာအုပ်ပေးရင်း
~ ခင်ဗျား မသေရဘူးနော် မျက်လုံးဖွင့်ပြီး အားတင်း ထားနော် ကျွန်တော် ပြောတာ ကြားတယ် မလား Kim !!! Kim လို့ ကျွန်တော်ပြောနေတယ်နော်
Kyung Soo မှာ ပါးစပ်က တတွတ်တွတ် ရွတ်ရင်း ရင်တွေ ကွဲကြေကာ အော်ဟစ်နေမိသည် လူတွေက လည်း အတင်း တိုးနေတာကြောင့် Kyung Soo တို့မှာ လူပိ မတတ်
~ တော် တော် သေးတာပေါ့ Princess ဘာမှ မဖြစ်လို့
Leader Kim ကအားယူရင်း ပြောလိုက်တဲ့ စကားကြောင့် Kyung Soo ပိုငိုမိသည်
~ ခင်ဗျား ဗျာ ကျွန်တော့်ကိုကြည့်ဦး ခင်ဗျား ဘာမှ ဖြစ်လို့ မရဘူးဆိုတာ သိတယ်မလား
Kyung Soo ပြောတော့ Leader Kim က အပြုံး ယဲ့ယဲ့ ဖြင့် ခေါင်းငြိမ့် ပြသည်
Kyung Soo ကိုလည်းခေါင်းငြိမ့် ပြပြီးရော မေ့မြော သွားတဲ့ Kim ကြောင့် Kyung Soo ရင်တွေ ကွဲလုနီးပါး
~ သတိထားပါဦး ခင်ဗျား ရဲ့ ဆေးရုံကား လာနေပြီ
လူအုပ်တွေကြောင့် ဆေးရုံကား က ချက်ခြင်း မရောက် နိုင် တာကြောင့် ရင်ပူ နေတာကို ဆေးရုံကားကို တွေ့မှ တော်သေးတယ်ဟု ပြောနိုင်တော့ သည်
Kyung Soo သူ Kim ကို ပွေ့ ထား တဲ့ နေရာ ကို Sehun နဲ့ ChanYeol ပါ အပြေး ရောက်လာကာ Kim အားပွေ့ကာ ခေါ်သွားကြသည် လူနာတင်ကား ကလည်း အဆင်သင့် ရောက်နေပြီကိုး
Kyung Soo လိုက်သွားမယ် လုပ်တော့ Kyung Soo ကိုအနောက်က နေ လက်ဆွဲ လိုက်တဲ့ သူက Luhan Hyung
ŞİMDİ OKUDUĞUN
Mafia Leader Kim ( Uni+Zaw)
Hayran KurguMafia Leader Kim နဲ့ စုံထောက်လေး Do Kyung Soo Secret Mission တစ်ခု အတွက် Mafia အဖွဲ့ ထဲ ကို ဝင်သွားတဲ့ Kyung Soo လေး Mission ဘဲ အောင်မြင်မလား ကျဆုံးမလား ဆိုတာတော့ ??