ငိုမဲ့မဲ့ဖြစ်နေသောကျတော့်အား မေမေသည်
်ငြင်သာစွာပြုံးပြသည်။
အေးစက်စက်ပါးပြင်နှစ်ဖက်ကို အုပ်ကိုင်လျက်"နိုးနိုး နေကောင်းအောင်နေနော်။ပိတ်ရက်တွေ
ကုန်တာနဲ့ မေမေ လာခေါ်မယ်။ဟုတ်ပြီလား?"လက်ဆွဲအိတ်သည် နေ့စဉ်လွယ်နေကျ
ကျောပိုးအိတ်ထက် ပို၍လေးလံလှသည်။
မနိုင်မနင်းဆွဲလျက် အုတ်တိုက်အဆောင်ထဲဝင်
လာသော ကျတော့်အား မမ ချောချောတွေက
ကြိုဆိုပေးသည်။"လာလာ ကလေး။ဒီကကိုကိုတွေဆီမှာ စာရင်းပေးလိုက်ဒီနားလေးမှာ တန်းစီနေ"
ခပ်ဝဝကောင်လေးတစ်ယောက်နောက် တန်းစီ
ပေးပြီး ထားခဲ့သည်။
ကျောင်းဝင်းတစ်ခုလုံး လှုပ်ရွကာ ရှုပ်ယှက်ခတ်
နေလိုက်တာ။မိန်းကလေးတွေလည်း ပါသည်။
မိဘတွေရော။ဟိုတစ်ခါ အိမ်တက်ပွဲတုန်းက တရားလာချီးမြှင့်ပေးတဲ့ ဘုန်းဘုန်းကို ရှာကြည့်
သည်။လူတွေတအားများနေ၍ ရှာမတွေ့။ကျတော်တို့ ကားရပ်ထားခဲ့ရာနေရာသို့ လှမ်းကြည့်တော့ ဟာ...ဖေဖေ့ဆလွန်းကားလေး
မရှိတော့ဘူး။
ကျတော်အဆောင်ဝင်တဲ့ အထိတောင်စောင့်မပေး
ကြဘူး။
သူများမိဘတွေ ဝင်းထဲမှာ ခုထိရှိနေတုန်း ကျတော့်ကိုကျ ထားခဲ့ကြတယ်။"နာမည်ပြော ကလေး?"
ခေါင်းကြီးငုံ့ကာ တအိအိနဲ့ ရှိုက်နေသော
ကောင်လေး။"ကလေး ...ဘာဖြစ်လို့လဲ?"
လက်မောင်းတစ်ဖက် ဆွဲကိုင်လိုက်မှ မော့ကြည့်
လာသော မျက်နှာ။မျက်မှန်လေးထောင့်ကိုင်းကြီး
က မျက်နှာလေး၏တစ်ဝက်ကျော်ကျော်ရောက်
နေသည်။
အသံမထွက်အောင် ကျိတ်ငိုနေရ၍ ဖြူဖွေးနေ
သော နှခေါင်းလုံးသေးသေးထိပ်က နီရဲနေ၏။
ပိန်သေးသေးခန္ဓာကိုယ်လေးက တအိအိနဲ့...ခန့်သော်ဇင် စိတ်ထဲ စိတ်မကောင်းခြင်းတို့က
အလုံးအရင်းနဲ့ ဝင်ရောက်လာတော့၏။"ညီလေး တိတ်တိတ် မငိုနဲ့"
ပြောလည်းပြော စားပွဲကိုကျော်ကာ ကိုယ်ကိုရှေ့
ကိုင်းရင်း မျက်မှန်အောက်မှ စီးကျလာသောမျက်
ရည်စီးကြောင်းတို့ကို လက်ဖမို့ဖြင့် သုတ်ဖယ်
ပေးရတော့၏။
သွေးကြောစိမ်းတွေယှက်ဖြာနေသော ပါးပြင်က
အေးစက်စက်ရယ်။
YOU ARE READING
NO
Romance(Zawgyi and Unicode) Trust me,you are my one in millions Romance,Funny, Sweet & Pure BL Cover design by Su Myat Yadanar
အပိုင်း(၁)
Start from the beginning