Page || 14

6.3K 597 83
                                    


နှိုးစက်သံကြောင့် Sehunနိုးလာသည့်အခါ မျက်လုံးမဖွင့်နိုင်သေးပဲ ကုတင်နံဘေးနားစမ်း
ကြည့်မိသည်

//ဟင်………LuHan?????//

ညတုန်းကမှရင်ခွင်ထဲထည့်သိပ်ခဲ့သူက ရင်ခွင်ထဲ
ရှိမနေသည့်အပြင် ကုတင်တဖက်ခြမ်းမှာပါ ရှိမနေသည့်အခါ Sehunရင်ထဲထိတ်ကနဲ……

//Luhan………//

ရေချိုးခန်းထဲမှာများလား???မီးဖိုချောင်ထဲမှာ
များလား???ဆိုသည့်အတွေးကြောင့် Sehun
အော်ခေါ်နေပေမဲ့ ပြန်ထူးသံမကြားရ

တွေ့ရာအင်္ကျီနှင့်ဘောင်းဘီကိုကောက်စွပ်ပြီး
အိပ်ခန်းပြင်ထွက်လာခဲ့သည့်တိုင် မြင်လိုက်သည့်
မြင်ကွင်းကရှင်းရှင်းလင်းလင်း……အိမ်အောက်
ထပ်သို့ပြေးဆင်းလာလိုက်ပြီးမီးဖိုခန်းဆီလှမ်း
မျှော်ကြည့်လိုက်ပေမဲ့ သူတွေ့ချင်သောလူသား
လေးကရှိမနေ……ဧည့်ခန်းမှာလဲရှိမနေပြန်သည့်
အတွက် Sehun အပြေးတပိုင်းဖြင့် အိမ်တံခါးကို
ဆွဲဖွင့်လိုက်ကာမှ……တွေ့ရပါပြီ

အင်္ကျီတစ်ထည်ကိုရေခါပြီး မျက်နှာအား
ရေစင်လာမည့် ဆိုးသဖြင့် တဖက်လွှဲလိုက်သူ
ဒါတောင်မစိုသလောက်စင်သွားသည့်ရေစက်
လေးအတွက်မျက်နှာကရှုံ့မဲ့နေသေးသည်

Sehunစိတ်သက်သာရာရသွားသလိုပြုံးလိုက်
ရင်းအနားသို့တလှမ်းချင်းသွားလိုက်သည်ထိ
Luhanသူရှိရာသို့လှည့်မကြည့်သေး

//ဘာလုပ်နေတာလဲ……//

//သြော် Sehun နိုးပြီလား//

အသံပေးလိုက်မှပင် Sehunဘက်လှည့်လာပြီး
ပြုံးပြလာသော Luhan……

မနက်ခင်းနေခြည်နွေးနွေးအောက် ချစ်ရသူ
အပြုံးကိုမြင်ရသည်မှာ ထိုမျှလောက် ချိုမြိန်နှစ်
သက်ဖွယ်ကောင်းလွန်းမှန်း Sehunမသိခဲ့

Luhanသည်ကား မြေပေါ်ချထားသည်
့်ခြင်းတောင်းထဲမှ အင်္ကျီတစ်ထည်ကိုကောက်ယူ
လိုက်ပြန်ရင်း ရေခါလို့

//အဝတ်တွေပုံနေလို့ လျှော်ပြီးလှမ်းနေတာ
ဒီမနက်နေလဲသာတာနဲ့//

//ဒါတွေလျှော်ဖို့ဘယ်အချိန်တည်းကထနေတာ
လဲ ညကလဲပင်ပန်းထားမှာကို//

I Love You With All My HeartWhere stories live. Discover now