Page || 9

7K 644 75
                                    


တဖျတ်ဖျတ်မြည်အောင်သွားနေသည့် နာရီလက်တံသံများသည် Luhanနားထဲသို့
ရောက်တချက် မရောက်တလှည့်………

ပတ်ပတ်လည်အခန်းဝန်းကျင်ဖွဲ့စည်းပုံကိုလဲ
Luhan ကြည့်မိလေသလား မကြည့်မိလေ
သလား မသေမချာ မရေမရာ………

Luhan နားထဲအထပ်ထပ်ကြားနေရသည်က
Sehun စကားသံတချို့
Luhan အမြင်ထဲလွှမ်းမိုးထားသည်က Sehun
မျက်နှာတခုတည်း

သို့သော်လည်း

//ဟက်……Oh Sehun ပြဇာတ်ထဲကစကားတွေ
ပဲလား … မရယ်ရဘူးကွာ//

//မဟုတ်ရပါဘူး Luhan//

တည်ကြည်လွန်းသည့်Sehunစကားသံအောက်
မှာLuhan့နှလုံးခုန်သံတချို့ပြင်းထန်ပေါက်ကွဲ
လာခဲ့သည်

ခံပြင်းသည်လား ကြည်နူးသည်လား မခွဲခြားတတ်ခြင်းသည် Luhan့စိတ်သန္တာန်ထဲ
လွန်ဆွဲလျက်နေသည်

ထို့နောက် ခြေထောက်အောက်ပိုင်းအားလွှမ်းခြုံ
ထားသည့်စောင်ပါးကိုဖယ်ရှားရင်းLuhanမတ်
တပ်ထရပ်လိုက်ပြီးအခန်းပြင်သို့ထွက်မည်ပြင်
်လိုက်တော့

//Luhan ဘယ်သွားမလို့လဲ မင်းအားမရှိသေး……//

//မင်းစကားက ဘယ်လိုအဓိပ္ပာယ်မျိုး
သက်ရောက်သွားလဲ  မင်းသိလား Sehun//

~"မင်း မရှိပဲ ငါမှမနေနိုင်တာ"ဆိုတဲ့စကားက ငါဆိုတဲ့Luhanအတွက်ဘယ်လောက်အတိုင်းအအတာထိတာသွားနိုင်သလဲ မင်းသိလား??

~ခပ်ပေါ့ပေါ့ပြောထွက်တာဖြစ်နိုင်တဲ့အဲ့စကား
ကငါ့နှလုံးသားထဲ ဘယ်လောက်ခပ်နက်နက်
ထိုးစိုက်သွားသလဲ မင်းခန့်မှန်းနိုင်လား??

ပြင်းထန်လာသည့်စိတ်ခံစားချက်များအရSehun
မျက်နှာကိုတည့်တည့်မကြည့်နိုင်တော့ပဲLuhan
လမ်းလွှဲပစ်လိုက်ရသည်

သက်ပြင်းချလိုက်သံကိုLuhanကြားပါသည်
ငိုက်စိုက်ကျသွားသည့် ခေါင်းကိုလည်း မျက်နှာ
လွှဲထားသည့်ကြား Luhan မြင်လိုက်ပါသည်

//ငါသိတယ် Luhan ဘယ်လိုအဓိပ္ပာယ်မျိုးလဲ
ဆိုတာ ငါသေချာပေါက်သိတယ်//

//Oh Sehun……//

မြင့်သွားသည့်လေသံသည် တချက်တည်းနှင့်
တိုးဝင်ပျောက်ကွယ်သွားသည်
ဘေးဘက်တွင်လွှဲချထားသည့် Luhan့လက်
တဖက်ကိုSehunဆုပ်ကိုင်လာခဲ့ခြင်းကြောင့်
ုဖြစ်သည်

I Love You With All My HeartWhere stories live. Discover now