With All My Heart

7.7K 646 65
                                    


//Lulu နင်ပေါက်တတ်ကရ....လုပ်ဖို့
မကြံနဲ့...//

မျက်နှာကြီးရှုံ့မဲ့ကာအော်ပစ်ရင်း လှည့်ထွက်
လာခဲ့ပေမဲ့ အခန်းဝတွင် Shixunကပိတ်ရပ်ကာ
ပြုံးဖြီးဖြီးနှင့်တားနေလေသည်

အနှီပြုံးဖြီးဖြီးမျက်နှာကြီးကိုLuhan ဆွဲထိုးပစ်ချင်
လာသည် Lulu့ချစ်သူကောင်လေးဆိုသောအသိ
ဖြင့်သည်းခံကာနေရင်းနေပါရင်း

//Wu Shixun မင်းဖယ်......မဖယ်ရင် ငါထိုးမှာ//

//မဟုတ်ပါနဲ့Hyungရယ် Babeခိုင်းတာလေး
လုပ်လိုက်ပါနော် ကျနော်လဲဒီအစီအစဉ်မဖြစ်
မြောက်မချင်းနားညီးမခံနိုင်လို့ရယ်//

//Wu Shixun နင်ဘာပြောတယ် နားညီးတယ်
ဟုတ်လား//

ဟိုတယ်ခန်းအတွင်းပိုင်းကနေ ဆင်တူအင်္ကျီ
နှစ်ထည်ကိုကိုင်လျက်သားထွက်လာသည့်
LuluမှShixunကိုမျက်ထောင့်နီဖြင့်ကြည့်ရင်း
ပြောဆိုသည်

//မဟုတ်ပါဘူး Babeရယ် ကိုယ်ကBabe
တောင်းဆိုတာလေးလုပ်ပေးလိုက်ပါလို့ Hyung
ကိုနားချနေတာ ဟုတ်တယ်နော် Luhan Hyung//

အတင်းကာရောလက်ကာပြငြင်းဆိုရင်းLuhan့
ဘက်လှည့်ကာစစ်ကူတောင်းသည်

Luhan့မှာတော့ Luluကိုင်လာသည့်အင်္ကျီနှစ်
ထည်ကြောင့်ထွက်ပြေးဖို့သာဆိုင်းပြင်နေပါပြီ

အချိန်မမှီတော့ဘူးဆိုသည့်စကားဆန်းဆန်းသုံး
ရင်းLuhan့ကိုဆွဲခေါ်လာသည့်နေရာက ဟိုတယ်
တစ်ခုဆီ...အခန်းတခန်းအလျင်ငှားလိုက်ပါရင်း
အခန်းထဲအရောက်Luluပြောသည့်စကားများမှာ
သွေးတက်ဖွယ်အတိ

//လုပ်ပါ ကိုလေးရာ စမ်းကြည့်တာပေါ့
Oh Sehunကြီး ညီမလေးတို့နှစ်ယောက်ကို
ခွဲနိုင်မခွဲနိုင်လေ//

//ဘာလို့လုပ်ချင်ရတာလဲ Luluရယ်
င့ါနှယ်နော်//

//စိတ်ဝင်စားဖို့ကောင်းတယ်လေ ကိုလေးရယ်//

ပြောရင်းဆိုရင်း တွန်းရင်းတိုက်ရင်းဖြင့် အခန်းဝကနေအခန်းထဲသို့Luhanပြန်ရောက်
လာရသည်

Luluကအင်္ကျီနှစ်ထည်ကိုShixunလက်ထဲထိုး
ပေးရင်းLuhan့အားsofaတွင်ထိုင်စေလိုက်ကာ

//စဉ်းစားကြည့်လေ ရုပ်ချင်းချွတ်စွပ်တူတဲ့အမြွှာ
နှစ်ယောက်ထဲက Oh Sehunသာကိုလေးကို
ရအောင်ရွေးထုတ်နိုင်မယ်ဆိုရင်...... wowww
လုံးဝအရို...ညီမလေးသာဆိုကြွေဆင်းသွားမှာ//

I Love You With All My Heartحيث تعيش القصص. اكتشف الآن