Page || 4

7.3K 671 30
                                    


ကျောင်းသားကျောင်းသူတော်တော်များများ
သတိမထားမိကြသည့် ဒီနေရာလေးသည်
တိတ်ဆိတ်သည် ငြိမ်သက်သည် အတွေးများ
အဆွေးများရှိလျှင် ကောင်းကောင်း တွေးနေ
ဆွေးနေနိုင်သော နေရာလေးဖြစ်သည်

အဆင်သင့်ရှိနေသော ခုံတန်းလေးနှင့်စားပွဲလေး
မျက်နှာချင်းဆိုင်မလှမ်းမကမ်းမှ ရေပြင်ကျယ်
Sehun ခြေထောက်နားမှာရှိနေသည့် ကျောက်စရစ်ခဲဖြူဖြူကိုကောက်ယူလိုက်ပြီး
ရေကန်ထဲလွှဲပစ်လိုက်သည်

လေးချက်တိတိဆင့်ခုန်ပြီးမှ ရေအောက်မြုပ်သွား
သော ကျောက်ခဲဖြူဖြူလေးရယ်
စားပွဲပေါ်အမှုမဲ့အမှတ်မဲ့ တင်လိုက်သည့် Lunchboxလေးရယ်

ဘာရယ်မဟုတ် Sehun သက်ပြင်းချမိသည်
မစဉ်းစားပါပဲနှင့် Luhanဘေးမှပုဂ္ဂိုလ်အကြောင်း
ကခေါင်းထဲဝင်လာသည်

Luhan့သူငယ်ချင်းဟာသူ့သူငယ်ချင်း
သူ့သူငယ်ချင်းဟာLuhan့သူငယ်ချင်းအဖြစ်နဲ့
နေလာခဲ့သည်မှာကြာပြီမို့ ယနေ့သူမသိသည့်
Luhan့သူငယ်ချင်းအသစ်ကိုတွေ့လိုက်ရသည့်
အခါ စိတ်သည်နေလို့ထိုင်လို့မကောင်းခဲ့

🎵🎵Hello Angel🎵🎵

ဖုန်းဆက်လာသူက Chanyeol Hyung
ခုချိန်စကားလက်ခံပြောဖို့လဲ စိတ်ကမပါသည်မို့
ဖုန်းမကိုင်ပဲနေမိသည်

ဆက်တိုက်မြည်နေသောဖုန်းကိုလျစ်လျူရှုပစ်
ရင်း ကျောက်စရစ်တခဲကိုကောက်ကိုင်လိုက်ပြန်
သည် ! ရေပြင်ထဲသို့အသာရှပ်ပစ်ရန် ကြံရွယ်နေရင်းနှင့်ပင်

ငါးချက်ဆက်တိုက်ခုန်ပြီးမှမြှပ်သွားသော
ကျောက်ခဲလေး
ထိုသို့ပစ်နိုင်သူမှာ တယောက်သာရှိသည်
Sehunပြုံးမိသွားသည်

//တယောက်တည်း ဘာလုပ်နေတာလဲ ဒီမှာ//

//င့ါဘာသာငါ ဘာလုပ်လုပ်ပေါ့//

//Hol~~//

စိတ်ပျက်သည့်ပုံဖြင့် နှာခေါင်းရှုံ့လိုက်သည့်
Luhan့ပုံစံက ပြောချင်ပြော မပြောချင်နေ
ဆိုသည့် ပုံနှင့်ဖြစ်သည်

//Yaaa … ဘာလို့ ငါ့lunchboxကို ကိုင်တာလဲ
မထိနဲ့//

Sehunတားမြစ်သံပင် မဆုံးသေး Sandwich
တခုက Luhan့ပါးစပ်ထဲဆိုက်ဆိုက်မြိုက်မြိုက်
ရောက်သွားလေပြီ

I Love You With All My HeartWhere stories live. Discover now