Page || 3

7.8K 712 33
                                    


ခွပ်~~

စားပွဲနှင့်ကြွေခွက်ဆောင့်ချလိုက်သံအဆုံးမှာ
သတ္တိကောင်းသူKim Kai အလန့်တကြားနှင့်
ကျောတချက်တွန့်သွားရှာသည်

ထိုဖန်ခွက်ကိုဆောင့်ချလိုက်သူကား
မျက်နှာချင်းဆိုင်ခုံတွင်ထိုင်လျက်လူမှန်း
သူမှန်းမသိအောင်သောက်စားမူးယစ်နေသည့်
အသစ်စက်စက်သတို့သားလေးOh Sehunပါပေ

//စဉ်း…စားကြည့်စမ်း……KimKai အေ့!!!
ဒင်းနဲ့ငါ တညလေးပဲတူတူရှိလိုက်တာနဲ့
ငါကဒင်းကိုယူလိုက်…အေ့ !!!!ရရောလားး//

~~ယူလိုက်ရလို့ပဲ ဟိုကအကောင်လိုက်
မင်းအိမ်ပေါ်ရောက်နေပြီလေ~~

ပါးစပ်မှထုတ်ပြောလျှင် ဆွဲထိုးခံရကိန်းမို့
စိတ်ထဲကနေသာခွပ်လိုက်သည်

//Luluကလဲ ငါ့ကိုမုန်းတယ်တဲ့ကွ Eeeee//

ရယ်လိုက် ငိုလိုက် ဒေါသထွက်လိုက်နှင့်
တယောက်တည်းမျိုးစုံဖြစ်ပျက်နေသောSehun
ကြောင့် ပထမKaiစိတ်ညစ်သည် နောက်တော့
ကြောက်လာသည်

ထိုသတ္တဝါ ဦးနှောက်မှမှန်သေးရဲ့ လားဟု တွေးမိခြင်းကြောင့်ဖြစ်သည်

//Sehunရာ အဲ့လောက်လဲမခံစားပါနဲ့
ကဲကွာLuluနဲ့Luhan ရုပ်ချင်းတူတာပဲဟာကို
Lulu့ရတယ်လို့ပဲ……//

//ဟေ့ကောင် တူမလားး တူမလားး ငနာရဲ့
မင်းLuhanကအထီးကြီးကွ အထီးကြီးး//

ဒါမျိုးကျတော့ နှုတ်သွက်လျှာသွက်နဲ့လျှာမလေး
အာမလေးတော့ဘူး

Kaiခေါင်းတချက်ခါလိုက်ပြီး စားပွဲပေါ်ခေါင်းမှောက်သွားပြန်သည့်Sehunကို
ဆွဲထူမကာ ပခုံးပေါ်လက်တင်လျက် မျက်လုံးချင်းဆုံအောင်ကြည့်လိုက်သည်

//ဒီမှာ Oh Sehun ကိုယ့်ကိုကိုယ်မလိမ်စမ်း
နဲ့ကွာ မင်းLuhan့ကိုတကယ်မလိုချင်တာ
သေချာလား//

//သေချာတယ် ဟေ့ကောင် သူလဲယောက်ျား
ငါလဲယောက်ျားပဲကို……//

//အဲ့ဒါတွေမေ့ပြီး ဒီအတိုင်းLuhan့ကိုLuhanလို့
ပဲမြင်စမ်း//

Kaiအသံနည်းနည်းကျယ်သွားတော့ ပတ်ဝန်းကျင်ကပါ စူးစမ်းသလိုနှင့်ဝိုင်း
ကြည့်ကြသည်

I Love You With All My HeartWhere stories live. Discover now