Page || 11

6.4K 628 65
                                    


//Cheers………………//

ဖန်ခွက်ချင်းတိုက်သံများ ပလူပျံတက်သွားပြီး
ဆိုင်တဆိုင်လုံးရယ်သံများဖြင့် ဆူဆူညံသွား
တော့သည်

ပင်ပင်ပန်းပန်းကြိုးစားခဲ့ကြရသည့် ကျောင်း
ပဒေသာပွဲအတွက် ပြဇာတ်ကပြီးသွားပြီမို့
ပါဝင်ခဲ့ကြသူအားလုံးစုဝေးကာ တခွက်တဖလား
နွှဲနေကြခြင်းဖြစ်ပါသည်

ကံကောင်းထောက်မစွာ ပြဇာတ်သည်အဆင်ပြေ
ချောမွေ့သွားသည်မို့ Luhanတို့ယခုမှသက်မချ
နိုင်ပါသည်

//Luhan သောက်လေကွာ//

//အော်……အေး//

ကမ်းပေးလာသည့် ဆိုဂျူခွက်လေးအားလှမ်းယူ
လိုက်ရင်း Luhan ဆိုင်ဝင်ပေါက်ဘက်တချက်
မျှော်ကြည့်လိုက်သည်

ပြဇာတ်ကနေသည့် ယနေ့နေ့လည်တုန်းကဖြင့် ပရိသတ်များကြားထဲSehunကိုLuhanတွေ့ခဲ့ပါသည်

သို့သော်ပွဲပြီးသွားသည့်အချိန်မှယခုဆိုင်ရောက်
လာသည်ထိ Sehunကိုမတွေ့ရတော့သည်မို့
Luhanမျှော်တလင့်လင့်ဖြစ်နေရသည်

Sehunကိုကျိန်းသေပေါက်တွေ့ရမှဖြစ်မည်ဟု
လည်းမဟုတ်ပေမဲ့ ဒီတိုင်းတွေ့ချင်လို့ Luhan
တွေ့ချင်လို့ မျှော်နေမိပါသည်

လက်ထဲကိုင်ထားဆဲဖြစ်သောဆိုဂျူခွက်က
ိုကောက်မော့လိုက်ပြီးနောက်ပုလင်းကိုအနားမှာယူထားလိုက်သည်

တခွက်ပြီးတခွက်ငှဲ့နေမိရင်း ဆက်တိုက်
သောက်နေမိပြန်သည် နံဘေးနားရှိပျော်ရွှင်
ရယ်မောသံများကိုလဲLuhanမကြားတော့ပဲရှိ
သည်

Luluနှင့်Sehunမျက်နှာချင်းဆိုင်တွေ့ပြီးသည့်နေ့မှစပြီး Lulu သူ့ဆီကိုအဆက်အသွယ်မလုပ်
တော့ချေ ~ Sehunမှပုံမှန်အတိုင်းပင်ဆက်ဆံ
သော်လည်း သူ့ကိုတခုခုဖုံးကွယ်ထားသလို Luhanခံစားရသည်

တိုက်ရိုက်လဲဖွင့်မမေးဖြစ်သလို ပြန်ဖြေလာမည့်
Sehunစကားများကိုလဲ Luhanနားထောင်နိုင်
စွမ်းရှိမည်မထင်ချေ~အကယ်၍ Lulu့ဆီပြန်လာ
ပါမည်ကတိပေးလိုက်သောကြောင့် Luluငြိမ်
သွားခြင်းဆို Luhan ဘယ်လိုလုပ်ရပါ့

အကယ်၍ Sehunဆီမှကွာရှင်းပါမည်ဆိုသော
စကားထွက်လာလျှင် Luhanဘယ်လိုလုပ်ရပါ့

I Love You With All My HeartWhere stories live. Discover now