လက်ကိုဆုပ်ကိုင်လိုက်ခြင်းပေမဲ့ လက်ဖျားလေး
ကိုသာအသေအချာဆွဲယူဆုပ်ကိုင်လိုက်ခြင်း
ရယ်ပါ……

//ဒါပေမဲ့ Luhan ငါမင်းကိုမပြောနိုင်သေးဘူး
ငါလေ…//

တဝက်တပျက်နှင့်ရပ်သွားသောစကားသံတို့
နောက်Sehunမော့ကြည့်လာသောအခါ
ဆုပ်ကိုင်ထားသည့်လက်နေရာသို့တအံ့တသြ
ငေးစိုက်ကြည့်နေခဲ့သည့်Luhanနှင့် မျက်လုံးချင်း
ဆုံသွားခဲ့သည်

//ငါ့ကိုအချိန်ပေးမယ်မလား Luhan//

Luhan့မျက်ဝန်းထဲဖျတ်ကနဲပြေးသွားသည့်အရိပ်
လေးကိုSehunဖတ်တတ်ခဲ့ပြီ

လက်ဖျားလေးမှတစ်ဆင့်တက်ကာ လက်ဖဝါး
တခုလုံးကိုအုပ်ထွေးကိုင်မိတော့ Luhan့လက်
ဖဝါးသည် အေးစက်စက်နိုင်လွန်းလှသည်ကိုသိ
ရသည်

Sehun အသည်းလေးကတော့ နွေးသွားပါသည်

ထိုအသည်းလေးနွေးတတ်စေဖို့ Sehunမှာ တပတ်ခန့်အချိန်ယူဆန်းစစ်ခဲ့ရသည်မဟုတ်
ပါလား!!!

//မင်းလဲငါ့ကိုမတတ်သာလို့လက်ထပ်ခဲ့တာ
မဟုတ်ဘူးမလား Luhan//

Luhan မဖြေပြန်ပါ~သို့သော်လည်း ရုန်းကန်ခြင်း
မရှိတဲ့ အထွေးပွေ့ခံလက်လေးကတော့ အဖြေ
ပေးနေသလိုပါ

Sehunကတော့ ခပ်သာသာပြုံးကာ တွဲထားသည့်လက်တစုံကို ငေးစိုက်ကြည့်ရင်း

~ဒီလက်လေးကိုကိုင်နိုင်ဖို့ ငါ ဘယ်လောက်
ပျာယာခတ်ခဲ့ရလဲမင်းမသိနိုင်ပါဘူးLuhanရယ်

^•••^•••^•••^•••^•••^•••^

မနက်ဖြန်တိုင်းနေသာနိုင်ပါသည် ဟု မိုးလေဝသ
ခန့်မှန်းချက်ရထားသည့်အလားLuhan့မျက်နှာ
သည်ရွှင်လန်းသာယာနေသည်

ပုံမှန်ထက်ပိုလို့ မသိမသာဂရုစိုက်လာသည့်
Sehunအမူအရာများနှင့်စကားများသည် 2ဆသောရင်ခုန်သံများကိုဖြစ်လာစေသည်

//ညနေကျရင် တူတူမပြန်နိုင်တော့ဘူးနော်
Kaiတို့နဲ့Projectကိစ္စဆွေးနွေးရဦးမှာမို့//

//ဘယ်သွားကြမလို့လဲ……//

//Libraryမှာပဲနေမှာပါ ပြန်လာရင်ဘာဝယ်ခဲ့ရ
မလဲ//

//အင်း……ငါးပေါင်မုန့်//

//ဟုတ်ပြီ …… ရှေ့ခဏတိုးဦး သကြားတွေပေနေတယ်//

I Love You With All My HeartWhere stories live. Discover now