Finally...

34.6K 2.6K 102
                                    

Unicode

"Park Chanyeol???"

တအံ့တသြခေါ်လာတဲ့ Kim Minseokကို ကျနော် တချက်သာလှမ်းကြည့်လိုက်ပြီး ပိတ်ထားတဲ့ အရေးပေါ်ခန်းထဲကိုပဲ ကြောင်အစွာငေးနေမိတဲ့ အခိုက်...

"သားက Park Chanyeolလား???"

ငိုသံစွက်စွက်နဲ့ မေးလာပြီး အနားလာရပ်တဲ့ အန်တီကြီးကို ကြည့်ပြီး ကျနော် သိလိုက်ပါတယ်..သူမက baekhyuneeရဲ့အမေဆိုတာကို...

"တောင်းပန်ပါတယ်..."

တွေ့တွေ့ချင်း နှုတ်ဆက်စကား မပြောဘဲ တောင်းပန်စကားဆိုရတာ နည်းနည်းအူကြောင်ကြောင်နိုင်ပေမယ့် ကျနော့် လုပ်ရပ်မှန်ပါတယ်...

"Wae..wae..ဘာလို့..ဘာလို့..hyuneeကိုမှ..သူ့ကိုမှ ဘာလို့လဲ သားရယ်..."

ကျနော့် အကျႌရင်ဘတ်စကို ဆွဲပြီး ဝမ်းနည်းတကြီး ငိုနေတဲ့ baekhyuneeအမေကို ကျနော် ဘာဆိုဘာမှ ပြန်မပြောမိ...၊Baekhyunအဖေလို့ ထင်ရတဲ့ ဦးလေးကြီးကတော့ ကျနော်တို့ကို ကြည့်ပြီး သက်ပြင်းသာ ချနေရှာတယ်...

"ကျတော် ...တောင်းပန်ပါတယ်..."

နောက်တခါ ထပ်ပြောပြီး ကျနော် ခေါင်းငုံ့လိုက်မိတယ်..၊ကိုယ့်အဖေကိုတောင် မတောင်းပန်ဘူးတဲ့ ကျနော်က..ခုချိန်မှာတော့ ချစ်ရသူရဲ့ မိဘတွေကို တောင်းပန်နေရပြီလေ.

"ဟင့်..ဟင့်အင်း..မ..မတောင်းပန်ပါနဲ့..အန်တီကို မတောင်းပန်ပါနဲ့..သားရယ်..၊hyunee..hyuneeလေး နိုးလာရင်သာ သူ့ကို တောင်းပန်လေနော်..သား..နော်.."

ကျနော့်လက်ကို ဆုပ်ကိုင်ပြီး အားကိုးတကြီး ပြောနေတဲ့ အန်တီ့ရဲ့ လက်တွေကို ကျနော် ပြန်ဆုပ်ကိုင်လိုက်ပြီး ကြိုးစားပြုံးပြရင်း ခေါင်းငြိမ့်ပြလိမ့်မိတယ်...

တခြားသော မိဘတွေလို ဝုန်းဒိုင်းမကြဲဘဲ နုနုညံ့ညံ့ပြောနေတော့ ကျနော် ပိုအားနာမိတယ်...

"ကျနော့်အမှားတွေအတွက် baekhyuneeကို ကျနော် တောင်းပန်မှာပါ..."

သူမပါးပေါ်က မျက်ရည်စတွေကို သုတ်ပေးရင်း ကျနော် ပြောလိုက်တော့...

"ငယ်..ငယ်လေး..ပြန်နိုးလာမှာပါနော်.."

လေသံတိုးတိုးလေးနဲ့ ကျနော့်ကို မျှော်လင့်တကြီး မျက်ဝန်းတွေနဲ့ ကြည့်ရင်း မေးလာတဲ့ သူ့မေမေကို ကျနော် အသာပြန်ပြုံးပြလိုက်ပြီး...

Gangster's Puppy(Chanbaek/Baekyeol-Yaoi) (Unicode+ZawGyi)Where stories live. Discover now