Good Night Bae~~~

36.3K 3.3K 47
                                    

Unicode

" ဟာ မဖြစ်နိုင်တာတွေ...Park Chanyeol
က မင်းကို ဘယ်လိုလုပ်... "

စကားကိုဆက်မပြောပဲ တန်းလန်းရပ်လိုက်
ပြီး...သူ့မျက်နှာကိုသေချာကြည့်နေတဲ့...
သူငယ်ချင်းဖြစ်သူ Kyung Soo...။

" Soo ah,ငါအတည်ပြောနေတာ...။
မင်းမယုံလည်းမတတ်နိုင်ဘူး...။အဲ့ကောင်
ကိုယ်တိုင်ငါ့ကိုပြောတာ...။'မင်းနဲ့ငါတွဲရ
အောင်'ဆိုပြီး..."

Baekhyunနောက်တစ်ကြိမ်ထပ်ပြောလိုက်
တော့ Kyung Sooက သူ့ကိုမျက်မှောင်
ကြုတ်ကြည့်လိုက်ပြီး...

" တကယ်ပြောနေတာလား???"

ခုချိန်ထိမယုံသင်္ကာဖြစ်နေတော့ Baekစိတ်တို
လာကာ....

"Ya!ဒီကိစ္စက နောက်စရာဖြစ်မလားကွ?"

သူစိတ်တိုသွားမှန်းသိမှ Kyung Sooက...
" အေး..အေးပါကွာ...မင်းကလည်းစိတ်ကြီးပဲ
ငါကအတည်ပြုနေတာပါကွ.... "

Kyung Sooစကားဆုံးတော့ Baekမျက်
စောင်းထိုးပြလိုက်တယ်။ဒါတောင် အဆောင်
က Park Chanyeolရဲ့ သူ့ကို'ကောင်မလေး
မျက်စောင်းထိုးတာနဲ့တူတယ်'ဆိုတဲ့
စကားကို ပြန်သတိရသွားပြီး သက်ပြင်းချ
လိုက်တယ်။

"မင်းနဲ့ Chanyeolက ဒီနေ့မှစတွေ့တာနော်။"

Baekခေါင်းငြိမ့်ပြီးသာ အဖြေပြန်ပေးလိုက်
တယ်။

" ဒါကို သူက မင်းနဲ့တွဲရအောင်ပြောတယ်
ဆိုတော့...။မင်းကို မြင်မြင်ချင်းသဘောကျ
သွားလို့နေမှာကွ... "

Kyung Soo ရဲ့ မှတ်ချက်ချသံဆုံးတော့...
Baekခေါင်းကို တွင်တွင်ရမ်းလိုက်ကာ...

" ဟာ...မဖြစ်နိုင်ပါဘူး။Park Chanyeol
အဲ့ကောင် ကျပ်မပြည့်တာပါကွာ... "

သူ့စကားဆုံးတော့ Kyung Sooက ချစ်စရာ
ကောင်းအောင်ကို...နှာခေါင်းလေးရှုံ့ပြီး...
ခေါင်းခါပြတယ်။ပြီးမှ...

" Park Chanyeolက ကျပ်ပြည့်ပါတယ်ကွ"

" မင်းဘယ်လိုသိလဲ?အဲ့Firelightတစ်ဖွဲ့လုံး
က ဦးနှောက်မကောင်းကြဘူး... "

Baekhyunစကားကြောင့်...Kyung Sooက
ခေါင်းရမ်းပြကာ...

" အဲ့အုပ်စုခေါင်းကောင်းတာ...မကောင်းတာ
နောက်မှပြောရအောင်...။ခုကိစ္စဆက်ပြော
ရအောင်ကွာ...။သူ မင်းကိုအဲ့လိုပြောတော့
မင်း.ဘာပြန်ပြောခဲ့လဲ.... "

Gangster's Puppy(Chanbaek/Baekyeol-Yaoi) (Unicode+ZawGyi)Where stories live. Discover now