Don't Touch Mine...

28.7K 2.6K 41
                                    

Unicode

"Byun Baekhyun!!!"

ခန်းမတခုလုံး သူ့ရဲ့ ဒေါသတကြီး  အော်သံ လွှမ်းခြုံသွားတယ်...

Chanyeolအော်သံကြောင့် baekhyunလက်ထဲက ပစ္စည်းလေးတခုခု လွှတ်ကျသွားသလို....

Baekhyunကိုနောက်ကနေ သိုင်းဖက်ထားသူရဲ့ လက်တွေဟာလည်း ပြေလျော့သွားပြီး chanyeolရှိရာကို လှမ်းကြည့်လာတယ်...

"Chan..Chanyeol..Wae??"

"မင်းအခုဘာလုပ်နေတာလဲ??"

Baekရဲ့အူတူတူမေးခွန်းလေးကို Chanyeolကပဲ ပြန်ပြီးမေးခွန်းထုတ်လိုက်ပါတယ်..

"ငါ..ငါဘာလုပ်မိလို့လဲ??"

ကိုယ့်ရင်ဘတ်ကိုယ် လက်နဲ့ဖိကပ်ပြီး မေးလာတဲ့ baekhyunပုံက chanyeolအတွက်တော့ ပိုပြီးဒေါသတွေသာတိုးလာစေတယ်...

"ကျွတ်.ငါ့ကိုပြန်ပြီး shot questionတွေလာမထုတ်နဲ့ baekhyun.ငါမေးနေတာက..မင်းငါမရှိတုန်း ဘယ်ကကောင်နဲ့သာယာနေတာလဲ??"

Chanyeolအပြောကြောင့် Baekမျက်လုံးလေးပြူးသွားတယ်...

Park Chanyeol....တကယ်မထင်ရဘူး.စကားအသုံးနှုန်းတွေက....။Baekသက်ပြင်းအသာချလိုက်ရင်း Chanyeolအမေးကို ပြန်ဖြေဖို့ပြင်လိုက်ပေမယ့်....

"ငါ့ညီက ကိုယ်တို့ကို အထင်လွဲနေတယ် ထင်တယ်.."

"ခင်ဗျားကိုမမေးဘူး..ဝင်မရှည်နဲ့.."

မေးလိုက်တာကbaekhyunကို..ပြန်ဖြေသူက ဘေးနားကကျောင်းသား...

မြင်ထားရတဲ့ မြင်ကွင်းကြောင့် ဒေါသထွက်နေတော့ chanyeolဒေါသတကြီးနဲ့ ပြောချင်ရာပြောပစ်လိုက်တယ်...

ခပ်ရိုင်းရိုင်းထွက်လာတဲ့ chanyeolစကားတွေကြား baekhyunခေါင်းကိုသာ ငုံ့ထားမိတော့တယ်..

"Baekhyun.ငါမေးနေတယ် ဖြေလေ!အဲ့ကောင်နဲ့မင်းဘာလုပ်နေတာလဲ လို့ ငါမေးနေတယ်လေ..."

"-----"

"မင်းစကားမပြောတတ်ဘူးလား?ဟမ်!!မင်း'အ´သွားတာလား.ဟုတ်လား.baekhyun..ငါပြောနေတာပြန်မဖြေဘူးဆိုတော့..မင်းငါ့ကို..သောက်ဖတ်မလုပ်..."

"ငါသူ့ကို basketball ကစားနည်းသင်ပေးနေတာ.."

"ခင်ဗျားကိုမမေးဘူး...ဝင်ဝင်မပြောနဲ့..ဘာကိစ္စနဲ့ သူများစကားဝိုင်းထဲ ဝင်ပြီးခြေရှုပ်ချင်နေတာလဲ??"

Gangster's Puppy(Chanbaek/Baekyeol-Yaoi) (Unicode+ZawGyi)Where stories live. Discover now