Cause All Of Me...

32.9K 2.6K 130
                                    

Unicode

Park Chan's point of view...

လက်သူကြွယ်မှာ စွပ်ထားတဲ့ လက်စွပ်မောင်းကွင်းလေးကို ကျနော် အသာပွတ်နေမိတယ်...

Byun Baek..သူမမှတ်မိဘူးလား..ဒီလက်စွပ်လေးက ကျနော်တို့အထက်တန်းကျောင်းတုန်းက ကွင်းဆင်းလေ့လာရေးကအပြန် သူ့စာကြည့်စားပွဲပေါ်မှာ ဘူးလေးနဲ့ထုပ်ပြီး သေချာပေးခဲ့တဲ့ လက်ဆောင်လက်စွပ်လေးနဲ့ ပုံစံတူ လက်စွပ်မောင်းကွင်းလေးဆိုတာကို...

ပြောရရင်...အဲ့နေ့က သူ့diaryကို ကျနော် ယူဖတ်မိပြီး သူနဲ့ကျနော့်ကြား ဝေးကွာသွားစေခဲ့တဲ့နေ့လေးတနေ့...။

အကောင်ခြောက်တွေ ဆေးစိမ်တဲ့အခန်းထဲမှာ ကျနော်သူ့ကို ဆောင့်တွန်းလိုက်တော့ သူ့လက်ထဲက လက်စွပ်မောင်းကွင်းလေး အောက်ပြုတ်ကျသွားတယ် ထင်ပါတယ်...ညဘက်ကြီး ကျနော် ထပ်ပြန်လာတော့ စားပွဲထောင့်မှာ တွေ့လို့ ပြန်ကောက်ထားမိတဲ့ ကျနော်နဲ့ ဆင်တူမောင်းကွင်းလေးက ခုဆို ကျနော့်လည်ပင်းမှာ ကြိုးနဲ့တွဲချီဆွဲထားလို့....

ဖြစ်ချင်တော့ Jong Daeအမြဲစွပ်စွပ်ထားတတ်တဲ့ couple ringနဲ့ ကျနော့်လက်စွပ်နဲ့က ပုံစံတူလေးတွေ..၊ဒါကိုပဲ baekhyuneeက စေ့စပ်လက်စွပ်ဆိုတာကို လုံးဝယုံကြည်သွားပုံထင်ပါတယ်...

အဲ့တုန်းက ကျနော့်တို့၂ယောက်လက်ကို ကြည့်ပြီး အံ့သြတကြီးဖြစ်နေတဲ့ သူ့ကို ကျနော် စိတ်တိုင်းကျ ကိုင်ဆွဲလှုပ်လိုက်ပြီး အကုန်ရှင်းပြချင်ပေမယ့်...ကျနော် သူ့ကို မုန်းချင်မိတယ်လေ...။

သုံးနှစ်လုံးလုံး ကျနော့်မှာတော့ L.Aမှာ အရူးတယောက်လို နေခဲ့ရပေမယ့် သူကတော့ သူ့အချစ်ဦးနဲ့ ကျောင်းအတူတူတက်ပြီး ပျော်ပါးနေတယ်လေ...

ကျနော့်မှာတော့ သူ့အတွက်နဲ့ အချုပ်ကျပြီး အိမ်ကနေ L.Aကို သွားခိုင်းတဲ့ အမိန့်ကို လက်ခံလိုက်ရတာ...၊ဒါမယ့်..သူကတော့....။

L.Aမှာ သေလောက်အောင်ကို baekhyuneeကို လွမ်းခဲ့ရတယ်...အရူးတယောက်လို နေခဲ့ရတယ်...။

Kim Jong Dae @ Chen...ကျနော် ဟိုမှာ ကျောင်းတက်တုန်းက တွေ့ခဲ့တဲ့ လူမျိုးတူကောင်လေးတယောက်...။အရမ်း ဆိုးသွမ်းသောင်းကျန်းတဲ့ ကျနော့်ကို အစစအရာရာ ကူညီပေးပြီး အရာရာကို သည်းခံနားလည်ပေးတဲ့ ကောင်လေးကို ခင်တွယ်မိခဲ့တယ်..၊ သူငယ်ချင်း မထားဘဲ တယောက်တည်း နေခဲ့တဲ့ ကျနော့်ကို အလိုလိုက်အကြိုက်ဆောင်ပြီး ပေါင်းခဲ့တဲ့ chenနဲ့ ကျနော့်အချစ်ရေး ဖလှယ်ပြီး ပြောဖြစ်ခဲ့ကြတယ်...

Gangster's Puppy(Chanbaek/Baekyeol-Yaoi) (Unicode+ZawGyi)Where stories live. Discover now