Suddenly Shift..

26.9K 2.4K 175
                                    

Unicode

Baekhyunတယောက် အိပ်ခန်းပေါက်ဝ ရောက်တော့ ခုန်နေတဲ့ ရင်ဘတ်ကို ညာလက်နဲ့ အသာဖိလိုက်ရင်း ပြုံးလိုက်မိတယ်...

ဘာလို့ ခုန်နေရတာလဲ??အမြန်ပြေးလာမိလို့??ဒါမှမဟုတ် ချစ်ရသူကို ကိုယ် ချစ်နေတဲ့ အကြောင်းဝန်ခံရတော့မှာမို့လို့လား??

အရင်က စိတ်နဲ့ဆို ဒီရင်ခုန်နေရတာက ပြေးလာတာကြောင့် ခုန်နေရတာပါလို့ အမှန်တရားတခုကို တမင်တကာ ဖုံးကွယ်လိုက်ပြီး ကိုယ့်ခံစားချက်ကိုကိုယ် Baekhyunညာမိမှာအမှန်...

သို့သော်..အခုကတော့ ထိုသို့မဟုတ်..ကိုယ့်ကိုကိုယ် ဒီထက်ပိုပြီး မညာနိုင်တော့...ဒီရင်ခုန်ခြင်းက chanyeolကို ချစ်တာကြောင့် ခုန်နေတာလို့ ဝန်ခံပါရစေ...

Baekhyunအခန်းပေါက်ဝမှာ ရပ်ပြီး ပြောစရာ စကားစီနေမိတယ်..၊ဘယ်ကနေ ဘယ်လိုစပြောရမှာလဲ??

ငါမင်းကို သဘောကျပြီး ချစ်နေမိတာ ကြာနေပြီ..??Arshi..ရှက်စရာ..

ဒါမှမဟုတ်...မင်းငါ့ကိုချစ်သေးလား??အာ..အဲ့ဒါကမှ ပိုရှက်စရာကြီး...။

ငါတို့ပြန်တွဲရအောင်..ငါမင်းနဲ့တွဲချင်တယ် ..၊

"မဆိုးပါဘူး..အဲ့လိုပဲ ပြောလိုက်တော့မယ်..၊ငါတို့ပြန်တွဲရအောင်လို့..အင်းးးတကယ်လို့ သူမေးလာရင်လည်း ဖြေလိုက်တာပေါ့..ငါလည်းချစ်ပါတယ်...Eeee..ဘယ်လိုကြီးလဲကွာ..ရင်ခုန်လွန်ပြီး ရူးသွားလောက်တယ်.."

လက်သီးဆုပ်လေးနှစ်ဖက်ကို ပါးတဖက်စီမှာ ကပ်ထားရင်း baekhyunခုန်ပေါက်နေမိတယ်..၊ဘေးအခန်းက ကျောင်းသားတယောက်က အူကြောင်ကြောင် မျက်လုံးတွေနဲ့ ကြည့်သွားလိုက်တော့မှ ခုန်နေတာကိုရပ်လိုက်ပြီး ချောင်းတချက်ဟန့်လိုက်ရတော့တယ်...။

အခန်းတံခါးကို ဆွဲဖွင့်ပြီး ဖြေးဖြေးချင်းစီ ခေါင်းပြူကြည့်လိုက်တော့ ဘယ်သူမှရှိမနေ...၊

"အင်..အပြင်ထွက်သွားတာလား??"

အခန်းထဲမှာ ရှိမနေဘူး ဆိုတဲ့ အသိကြောင့် Baekhyunမျက်နှာလေးဆူပုပ်သွားပြီး အခန်းထဲ လူလုံးလိုက် ဝင်လာလိုက်ပြီး ရေချိုးခန်းထဲ ကြည့်ပြန်တော့လည်း ရှိမနေ...

Gangster's Puppy(Chanbaek/Baekyeol-Yaoi) (Unicode+ZawGyi)Where stories live. Discover now