" ဘာရပ်လုပ်နေတာလည်း..သွားတော့လေ မင်းတာဝန်ပီးပီ.."

ကောင်မလေးကလည်း kaiကို 90°bowလုပ်ပြလိုက်ပီး..

" နောက်လည်း လိုအပ်ရင်ခေါ်လိုက်ပေါ့..ကျွန်မနာမည်က Kim Hana..ရှင်မှတ်မိဦးမယ်လို့တော့မျှော်လင့်တာပဲ..ပြန်ဆုံကြတာပေါ့.."

ကောင်မလေးထွက်သွားမှ လက်ထဲက ဆန်ပြုတ်ဘူးလေးကို စားပွဲပေါ်မှာတင်လိုက်ပီး..

" Kim Hana!!ကြားဖူးသလိုပဲ..hk..ထားပါ..ဘယ်သူဖြစ်ဖြစ် ကိစ္စမရှိဘူး.."

ဒါမယ့် kaiမသိလိုက်တာက သူ့ကိုကြည့်ပီး devil smileပြုံးနေတဲ့ kim hanaရဲ့ အပြုံးတစ်ခုကိုပင်..

ဆန်ပြုတ်ဘူးလေးကို ကြည့်ရင်း sooရဲ့ နာနာကျင်ကျင်နဲ့ သူ့ကိုကြည့်သွားတဲ့ မျက်ဝန်းတစ်ခုကို မြင်ယောင်မိတော့ ရင်ဘတ်ထဲက ပြည့်ကျပ်လာကာ အလိုလို မျက်ရည်တွေက ဝဲတက်လာသည်..သူမနဲ့ ပတ်သတ်ရင် အရာရာကို ခံစားတတ်လွယ်တဲ့ ကိုယ့်ကိုယ်ကို ဘယ်လိုပြုပြင်ရမှန်းလည်းမသိတော့...နောက်တော့ သူ့တပည့်စီဖုန်းဆက်ကာ..

" သူဘယ်မှာလည်း.."

" စိတ်မရှိပါနဲ့ဆရာ..ကျွန်တော် ခုစကားပြောဖို့အဆင်မပြေလို့ ဓာတ်ပုံတွေ့ပို့လိုက်ပါ့မယ်.."

Kaiလည်းဖုန်းချကာ သူ့တပည့်ပို့ထားတဲ့ ပုံတွေကို ကြည့်လိုက်တော့..

" တောက်!!DO Soo..hk..မင်းက ဘယ်လိုမှယုံလို့မရတဲ့ မြွေဟောက်လို မိန်းမပဲ.."

တကယ်တော့ sooတစ်ယောက်ခံစားရတာ သေမလောက်နာကျင်လွန်းလို့ ကုမ္ပဏီရှေ့က ပန်းခြံလေးမှာ ထိုင်ငိုနေရင်း suho oppaရဲ့ဖုန်းဝင်လာတာကြောင့်..

Flash back,

" soo..ဘယ်မှာလည်း.. oppaခု sooကုမ္ပဏီရှေ့မှာ ရုံးတက်ချိန်လည်း လိုသေးတော့ sooအဆင်ပြေရင် oppaတို့တွေ့..."

" o..oppa.."

" wae??..soo..ဘာဖစ်နေတာလည်း..oppaကိုပြော..ဘယ်နားကနာနေလို့လည်း..."

" oppa..soo..sooလေ  ခုအရမ်းနာနေတယ်..ရင်ဘတ်ထဲကနေ ဆွဲစုတ်နေသလိုပဲ.."

" sooခု ဘယ်မှာလည်းပြော.."

တကယ်တော့ suhoတစ်ယောက် အရမ်းကိုစိတ်ပူသွားတာပါ..ငယ်ငယ်လေးထည်းက အရိပ်တကြည့်ကြည့်နဲ့ ကြည့်ပီးချစ်ခဲ့ရတဲ့ sooက ခုငိုနေတယ်ဆိုတဲ့ အသိက သူ့ရင်ကို အရမ်းပူလောင်စေပါတယ်...sooပြောတဲ့ နေရာကိုလည်း ရောက်သွားရော တစ်ရှုံ့ရှုံ့နဲ့ငိုနေတဲ့ sooပုံစံက သူ့ကိုရူးသွားစေသည်..ဘာမှတုံ့ဆိုင်းမှုမရှိဘဲ sooစီအပြေးသွားကာ sooကိုယ်လေးကို ရင်ခွင်ထဲထည့်လိုက်တော့ သူ့ခါးကို ပြန်ဖတ်ပီး ရင်ဘတ်ထဲတိုးဝင်ပီး ငိုနေရှာသည်..

From Revenge To LoveOnde histórias criam vida. Descubra agora