Ep-21

1.4K 130 8
                                    

" ဟာ...ကိုနော်..ဘယ်လိုဖစ်လို့ တစ်ချိန်လုံးလိုက်နမ်းနေတာလည်း..sooပါးလည်း ပိန်တော့မယ်..သွား..ဟိုဘက်တိုး.."

" ဘာလည်း sooက ကို့ကို ငြိုငြင်တယ်ပေါ့.."

" ဘယ်ကသာ ကိုရယ်..sooဒီမှာ ကို့အတွက် ကိုကြိုက်တဲ့ ကြက်ကြော်လုပ်ပေးနေတယ်လေ..အာ့ မြန်မြန်ပီးရင် sooတို့ ကစားကွင်းသွားလို့ရအောင်လို့ကို..ကိုပဲ ပြောတယ်လေ..လိုက်ပို့ပေးမယ်ဆိုပီး.."

" ဟွန့် ကြက်ကြော်ကယ်လို့နော်.."

" အမယ်..ကိုက ကြက်ကြော်မကယ်ရင် sooကို ဘာလုပ်မို့လည်း.."

" သိချင်လား soo.."

" ပြောကြည့်လေ.."

" မပြောဘူး တကယ်လုပ်ပြမယ်.."

ပြောလည်းပြော လူကလည်း sooနားတိုးလာကာ sooကို သူ့ဘက်ဆွဲလှည့်လိုက်ပီး နှုတ်ခမ်းကို တစ်စိုက်မတ်မတ်နမ်းပြလိုက်သည်..နွေးထွေးလွန်းတဲ့ နှစ်ခမ်းနှစ်စုံကြောင့် ရပ်တန့်ဖို့ စိတ်ကူးဆိုတာ နှစ်ယောက်သားမှာမရှိခဲ့ ပိုတိုးလို့သာ နမ်းနေကြသည်..ဒါတောင် sooကြားဖြစ်အောင် ကြားလိုက်သေးသည်..အနမ်းတွေကြားမှာ kaiရဲ့ ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းကို..sooကတော့ kaiရင်ခွင်ထဲ ပိုတိုးဝင်ပီး အနမ်းကိုအသက်သွင်းရင်းသာ သူလည်းချစ်တယ်ဆိုတဲ့ အကြောင်းကို အဖြေပြန်ပေးခဲ့သည်...

" ကို..ဒီပစ္စည်းတွေ ကားထဲသွားထည့်လိုက်တော့မယ်နော်.."

" အွန်း sooအပေါ်မှာ အင်္ကျီသွားလဲလိုက်ဦးမယ်..ဆီနံ့စွဲနေတာမို့.."

" လဲစရာမလိုပါဘူး sooရယ်..sooကိုယ်သင်းနံ့လေးက မွှေးနေတာကို.."

" sooမနေတတ်လို့ပါ..ခဏလေးပဲ စောင့်နော် ကို.."

ချက်ချင်းဆိုသလို အပေါ်ထပ်ပြေးတက်သွားတဲ့ sooကိုကြည့်ပီး kaiပြုံးမိသည်..ခုနကလည်း အနမ်းတွေက ပိုပီးအသက်ဝင်လာတာကြောင့် sooအပေါ်မှားမိတော့မို့ ကပ်သီးလေးလိုသွားသည်..sooသာ မရပ်တန့်ခဲ့ရင် သူsooအပေါ်တစ်ခုခုလုပ်မိတော့မှာ..

Kaiတစ်ယောက် အတွေးတွေကို ရပ်တန့်ပီး သက်ပြင်းတစ်ချက်ချလိုက်သည်...sooကို အဖြူစင်ဆုံးချစ်တဲ့ ယောကျာ်းတစ်ယောက်ပဲ ဖြစ်ချင်သည်..တကယ့်ကို အနက်ရိင်းဆုံးနဲ့ အဖြူရောင်အချစ်လိုမျိုးပေါ့..

From Revenge To LoveWhere stories live. Discover now