Ep-17

1.2K 126 10
                                    

လက်ချောင်းသေသေးလေးတွေ လှုပ်လာတော့မှ ကိုင်ထားတဲ့လက်လေးတွေကို ဘေးနားချပေးလိုက်ပီး ကုတင်နဲ့ နည်းနည်းလှမ်းတဲ့ နေရာမှာ သွားထိုင်နေလိုက်သည်...ကုတင်ပေါ်က ဖြူဖတ်ဖတ်ကောင်မလေးကတော့ ပုလဲလေးလိုကြည်လင်နေတဲ့ မျက်လုံးလေးတွေ ပွင့်လာလေသည်..သူရှိတာကို သတိမထားမိဘူးထင်ပါရဲ့..အပေါ်တည့်တည့်က မျက်နှာကျက်ကိုသာ ငေးကြည့်နေရှာသည်..မကြာပါ ပုလဲမျက်ဝန်းလေးတွေရဲ့ ထောင့်လေးကနေ သူအမုန်းဆုံး မျက်ရည်လေးတွေ စီးကျလာတာကို မြင်တော့..

" နိုးလာပီလား.."

လက်မှာကိုင်ထားတဲ့ ဘာစာအုပ်မှန်းမသိတဲ့ စာအုပ်ကို ဘေးချရင်း မသိချင်ယောင်ဆောင်ပီးမေးလိုက်တော့ သူ့နတ်သမီးလေးက လန့်သွားသည်ထင်ပါရဲ့ အလန့်တကြားလေးနဲ့ သူ့ဘက်ကို ပြူးတူးတူးလေး လှည့်ကြည့်လေသည်..နောက်တော့ လှဲနေရာကနေ ကုန်းထရင်း..

" အ!!.."

ခေါင်းကိုကိုင်ရင်း ညည်းထွားလိုက်တဲ့ အသံချိုချိုလေးကို အရမ်းစိတ်ပူသွားတာကြောင့် သူ့နားအပြေးလေးသွားရင်း
" hk..ဟိုအကောင်နဲ့ တော်တော်ပျော်ခဲ့တယ်နဲ့တူတယ် မေ့တောင်လဲတဲ့ထိ ဖြစ်တယ်ဆိုတော့လေ..ခုလည်း အရမ်းနာနေတာလား.."

ပြောချင်တာ ဒီလိုစကားမဟုတ်ပေမယ့် ပြောထွက်သွားတဲ့ စကားလုံးတွေက သူ့နတ်သမီးလေးအတွက် အရမ်းကို ခါးသီးနေမှန်း သူသိပါသည်..မယုံနိုင်သော မျက်ဝန်းလေးတွေနဲ့ သူ့ကိုမော့ကြည့်လာတဲ့ နတ်သမီးရဲ့ မျက်ဝန်းလေးတွေကို ဥပေက္ခာပြုလိုက်ရင်း..

" သတိရလာရင်လည်း ပီးရော..မင်းအတွက် အချိန်၂နာရီလောက် ဖြုန်းမိခဲ့တဲ့ အဖိုးတန်အချိန်တွေအတွက် ငါပြန်ပေးဆပ်ဖို့ ကုမ္ပဏီသွားတော့မယ်..အဆင်မပြေဘူးဆိုလည်း မင်းအကောင်စီ ဖုန်းဆက်ခေါ်လိုက်ပေါ့.."

နာကျင်နေတဲ့ မျက်ဝန်းတစ်စုံကို လျစ်လျူရှုပီး ကျောခိုင်းမယ်လုပ်တော့ သူသိပ်ချစ်ရတဲ့ sooလေးက သူ့ခါးလေးကို ဖတ်ကာ ကျောပေါ် ပါးလေးအပ်ပီး

" ကို..sooဘာအမှားတွေ လုပ်မိလို့ sooကို အဲ့လောက် မုန်းနေရတာလည်းဟင်..soo ကိုမကြိုက်တာတွေ ဘာမှမလုပ်တော့ပါဘူးနော် sooကို အဲ့လိုအကြည့်မျိုးနဲ့ မကြည့်ပါနဲ့ sooမခံစားနိုင်လို့ပါ..sooတောင်းပန်ပါတယ်နော် ကို.."

From Revenge To LoveWhere stories live. Discover now