Ep-11

1.3K 111 4
                                    

Sooလည်း ပြောင်းလဲသွားတဲ့ kaiပုံစံကြောင့်ရော..သူ့အပေါ်ထားတဲ့ sooရဲ့  အရင်လိုခံစားချက်တွေကြောင့်ရာ sooမငြင်းမိပဲ ခေါင်းငြိမ့်မိလိုက်သည်..

Kai(pov): ဒီတစ်နေ့တော့ sooအပေါ်မှာထားတဲ့ သူ့ရဲ့စိတ်လေးကို လွတ်လပ်ခွင့်ပေးပါ..နောက်နေ့ကစပီး sooအပေါ်မှာရှိနေတဲ့ သူ့ရဲ့ သံယောဇဉ်ကို သိမ်းထားပီး လက်စားချေဖို့ကို အကောင်အထည်ဖော်ပါ့မယ်..သူ့အချစ်ကိုတော့ ဖျက်စီးဖို့မဖြစ်နိုင်ဘူး..ဘာလို့ဆို..သူဘယ်လောက်sooကို ချစ်တယ်ဆိုတာ သူအသိဆုံးမို့လို့ sooကို ရင်နာနာနဲ့ပဲ ရက်စက်ပရစေ..

Sooရဲ့ အိမ်ရှေ့လည်းရောက်ရော..

" sooတို့အိမ်လေးက အရင်အတိုင်းပဲနော်..ဘာမှမပြောင်းလဲသွားဘူး.."

Sooကတော့ ပြုံးရုံလေးသာ ပြုံးပြလိုက်ပီး..

" ဟုတ်လား..sooကတော့ ကုမ္ပဏီမှာ အလုပ်စဝင်ထည်းက အလုပ်တွေ ရှုပ်နေတာနဲ့ သတိမထားမိလိုက်ဘူး.."

တကယ်တော့ sooတစ်ယောက် အရင်က kaiနဲ့ ပတ်သတ်ခဲ့ဖူးတဲ့ အရာရာတိုင်းကို တန်ဖိုးထားလို့ ဒီအိမ်လေးကိုလည်း ပုံစံမပျက် စောင့်ရှောက်ထားတယ်ဆိုတာကို kaiတစ်ယောက်ကတော့ သိရှာမယ်မထင်...

" ကားကို ဂရုစိုက်မောင်းပြန်နော်..awwနောက်ပီး ပေါက်စီတွေအတွက်လည်း ကျေးဇူးတင်ပါတယ်..xiuတော့ အာ့တွေ မြင်ပီး ပျော်နေလောက်ပီ.."

" ဟား..မဟုတ်တာကိုဗျာ..ကျွန်တော်က ဒီထက်ပိုကောင်းတာကို ကျွေးချင်တာပါ.."

" ကျေးဇူးများကြီးတင်ပါတယ်ရှင်..ဒါဆို sooအိမ်ထဲဝင်တော့မယ်နော်..xiuလည်းမျှော်နေတော့မှာမို့..ကားကို ဂရုစိုက်မောင်းပြန်နော်.."

" nae soo.....ခဏ.."

Sooတစ်ယောက် အိမ်ထဲဝင်ဖို့လုပ်နေရာကနေ kaiရဲ့'ခဏ'ဆိုတဲ့ စကားကြောင့် နောက်လှည့်ကြည့်လိုက်တော့..

" ဟိုလေ..soo.."

" nae..kai shi..ပြောလေ ဘာဖစ်လို့လည်း.."

" awww..မနက်ဖန် ရုံးပိတ်ရက်လေ အဲ့တော့ sooအားလားလို့ပါ.."

" sooလား..အွန်း..ညနေပိုင်းတော့ အားမယ်ထင်တယ်..မနက်ပိုင်းမှာ xiuနဲ့တူတူနေမို့လေ..သူနဲ့လည်းမတွေ့တာ ကြာပီမို့.."

From Revenge To LoveWhere stories live. Discover now