Ep-18

1.3K 116 42
                                    

ကားပါကင်မှာ ကားထိုးရပ်လိုက်ပီး ကုမ္ပဏီထဲဝင်ဖို့ကို လေးလံနေမိသည်..အမုန်းတွေပြည့်နေတဲ့ အကြည့်တွေကို မခံစားနိုင်ဘူးလေ..ဘာပဲဖြစ်ဖြစ် ဘာကြောင့်မုန်းနေမှန်းမသိတဲ့ sooချစ်သူလေးစိတ်ပြေအောင် ချော့ဖို့ sooတစ်ယောက် အားအင်တွေအပြည့်ပါ..

" ဟိုလေ mr.kimရုံးတက်ပီလားဟင် ညီမလေး.."

Kaiရဲ့ secretaryကတော့ မျက်နှာပျက်ပီး..

" ရောက်တော့ ရောက်ပီရှင့် ဒါမယ့်လေ.."

" ဟီး..ရပီ ရပီ..ဒါဆို sooဝင်သွားလိုက်မယ်နော်.."

" ဟို..မမလေး.."

အပြင်က secretaryမလေးကတော့ ခေါင်းတွေကုတ်နေပီး စိတ်တွေရှုပ်တဲ့ပုံနဲ့ ကျန်ခဲ့လေသည်..

" ကို.."

လက်ထဲက ဆန်ပြုတ်ဘူးလေး လွတ်ကျသွားပီး အဲ့နေရာမှာတင် ကြောင်ပီး ရက်နေမိသည်..

" ရက်စက်တယ်လို့ မပြောရက်ပေမယ့် ကိုတကယ်ရက်စက်တယ်.."

Sooအရှေ့မှာ မိုးမမြင် လေမမြင်ကဲနေတဲ့ sooရဲ့ချစ်သူမကြားနိုင်မှန်းသိပေမယ့် ပြောခွင့်ပြုပါ..

" ကိုတစ်ကယ် ရက်စက်တယ်.."

Sooတစ်ယောက် လက်ထဲက ဆန်ပြုတ်ဘူးလေး လွတ်ကျသွားမှ သတိပြန်ဝင်လာပီး ထွက်ပြေးဖို့ကို သတိရကာ အဲ့နေရာကနေ အဝေးဆုံးကို ထွက်ပြေးလာမိသည်...

Kaiလည်း sooထွက်ပြေးသွားတာမြင်မှ သူ့အရှေ့က ဘယ်သူမှန်းတောင်မသိတဲ့ မိန်းကလေးကို တွန်းထုတ်ကာ နှုတ်ခမ်းမှာပေနေတဲ့ မိန်းကလေးရဲ့ နှုတ်ခမ်းနီတွေကို စားပွဲပေါ်က တစ်လျှူးထုတ်ပီး သုတ်ပစ်လိုက်သည်..နောက်တော့ တစ်လျှူးကို ကောင်မလေးစီ လှမ်းပစ်လိုက်ပီး ပိုက်ဆံအိတ်ထဲက ပိုက်ဆံတစ်ရွက်ကို ထုတ်ကာ ကောင်မလေးကို ပစ်ပေးလိုက်သည်..

" တစ်ရွက်ထဲဆိုပေမယ့် တန်ဖိုးကိုတော့ မင်းကြိုက်မယ်လို့ ထင်ပါတယ်..မလောက်ဘူးဆိုလည်း ပြောနော် ထပ်ပေးမယ်..ဘာလို့ဆို ငါ့အနမ်းက အပေါစားမဆန်ဘူးလေ.. hk.."

မဲ့ပြုံးပြုံးပီး ရုံးခန်းရှေ့မှာပြုတ်ကျခဲ့တဲ့ ဆန်ပြုတ်ဘူးလေးကို ယူကာ..ပိုက်ဆံကိုင်ပီး ကြောင်ရပ်နေတဲ့ ကောင်မလေးဘက်လှည့်ပီး..

From Revenge To LoveWhere stories live. Discover now