Ep-10

1.4K 129 14
                                    

Kai(pov): DO Soo..မင်းစီမှာ ကျန်ခဲ့တဲ့ ငါ့အကြွေးကို ပြန်လာယူပီ..တစ်ချိန်က မင်းအပေါ်အရမ်းချစ်တဲ့ kim kaiကနေ မင်းကိုအရမ်းမုန်းတဲ့ kim jongin ပြန်လာပီ..
မင်းရဲ့ နှလုံးသား တံခါးကိုသေချာသော့ခတ်ထားလိုက် soo..ငါဖျက်ပီး ဝင်လာခဲ့မှာမို့လို့..

Sooရဲ့securityကတော့ ကြောင်ပီးတော့သာ ကြည့်နေလေသည်...အားလုံးကလည်း sooကိုကြည့်နေကြတာ မျက်လုံးအပြူးသား..

Sooဆိုတာ အဲ့လို အချိန်မလေးစားတဲ့သူတွေကို အမုန်းဆုံးဆိုတာ သိထားကြတာကို..အာ့ကြောင့်ပဲ sooသူ့ကို ဘာပြောမလည်းဆိုပီး စောင့်ကြည့်နေတာပေါ့..ဒါမယ့် sooကတော့..

"အစည်းအဝေး လုပ်ဖို့ ပြင်ဆင်ကြတာပေါ့.."

Kaiကတော့ sooရဲ့စကားကြောင့် ခနဲ့သလို နှုတ်ခမ်းတွန့်ရုံပြုံးလိုက်ပီး သူ့အတွက် ပြင်ဆင်ပေးထားတဲ့ ထိုင်ခုံပေါ်မှာ ဝင်ထိုင်လိုက်သည်..သူကောင်းကောင်းသိတာပေါ့..DO Sooဆိုတာ အချိန်မှာရော..အလုပ်မှာရော..စည်းစနစ်ကျတယ်ဆိုတာ သူအကုန်သိပီးသားလေ..အာ့ကြောင့်ပဲ sooကို တမင်ချိုးချင်လို့ကို နောက်ကျပီးမှလာတာ..ဒါမယ့် sooက သူနောက်ကျတဲ့ ကိစ္စကို မသိချင်ယောင်ဆောင်ပီး ကျော်သွားခဲ့ပေးတယ်ဆိုတော့..

"ဒါဆို ဆွေးနွေးချက်ကို သဘောတူတယ်ဆိုရင် ကျွန်တော်တို့ လက်တွဲဖစ်သွားကြပီ..ရှေ့ဆက်လည်း အကောင်းဆုံးဖစ်အောင် ကြိုးစားကြတာပေါ့.."ဆိုပီး လက်ဆွဲနှုတ်ဆက်ပီး ပွဲသိမ်းဖို့အတွက် kaiက သူ့လက်ကို ရှေ့ထုတ်ပေးလိုက်တော့ sooလည်း အသည်းပုံနှစ်ခမ်းလေးကို မပေါ်တစ်ပေါ် ပြုံးလိုက်ကာ..

"Nae..."

အားလုံးလည်း ဆွေးနွေးစရာရှိတာ ဆွေးနွေးပီးသွားကြတော့ အစည်းအဝေးခန်းထဲက ထွက်သွားကြပီပေါ့..မသွားပဲ ကျန်နေသေးတာက kaiနဲ့soo..

"အရင်တိုင်းပဲနော် soo.."

Sooလည်း kaiအသံကြောင့် စာရွက်ကြည့်သလို ဟန်ဆောင်နေရာကနေ kaiရဲ့မျက်နှာကို မော့ကြည့်လိုက်ပီး နူးညံ့တဲ့ အပြုံးလေး ဆင်မြန်းကာ..

" omm..kaiကတော့ ပြောင်းလဲသွားတယ်နော်.."

ပုံမှန်ဆို sooရဲ့ အပြုံးကို မြင်ပီး kaiတစ်ယောက်sooအပေါ်ထားတဲ့ အချစ်တွေ ပိုလာမှာဆိုပေမယ့် လက်ရှိမှာ kaiရဲ့စိတ်ထဲက အမုန်းတွေက ပိုများနေတာကြောင့် sooရဲ့ အပြုံးကို မသိချင်ယောင်ဆောင်ပီး မျက်နှာလွှဲလိုက်သည်..ဒါတောင် သူ့ရင်ဘတ်ထဲက နှလုံးခုန်သံမြန်ဆန်မှုတစ်ချို့ကိုတော့ သူကြားဖြစ်အောင် ကြားလိုက်ပါသေးသည်..

From Revenge To LoveWhere stories live. Discover now