Ep-16

1.2K 128 15
                                    

Kaiတစ်ယောက် sooနဲ့စကားပြောရတာ လုံးဝအားမရ..သူချစ်တယ်လို့ ပြောတာတောင် sooက မပြောတော့ဘူးလေ..နောက်တော့လည်း သူထင်လို့နေမှာပါဆိုပီး သူ့စိတ်သူပြန်ဖြေလိုက်သည်..ဒါမယ့်လည်း စိတ်ထဲမှာတော့ သဘောမကျ..

" soo..ဘာလို့လည်း မျက်နှာလည်းမကောင်းဘူး.."

Sooက kaiနဲ့တူတူ နေ့လည်စာစားရမယ်ဆိုပီး ပျော်ရင်းနဲ့ အလုပ်တွေ မြန်မြန်လုပ်နေခဲ့တာ..ခုတော့ မစားဖစ်တော့ဘူးဆိုတော့ စိတ်ထဲတစ်မျိုးခံစားရတာပေါ့..မျှော်လင့်သလို ဖြစ်မလာခဲ့ရင် ခံစားရတဲ့ ခံစားချက်ကြီး..

" aww..ဘာမှ မဟုတ်ပါဘူး..နေ့လည်စာစားဖို့ ချိန်းထားတာ ပျက်သွားလို့ပါ.."

" aww..ဒါဆို oppaနဲ့တူတူစားလို့ ရပီပေါ့.."

Sooလည်း ခပ်ဖျော့ဖျော့ အပြုံးလေးနဲ့ ခေါင်းငြိမ့်ပြလိုက်သည်..

ဒါက သူမဘဝအတွက် အမုန်းတွေကို သယ်ဆောင်လာမယ့် အဖြေမှန်းဆိုတာ သူမမသိခဲ့..

" သွားရအောင်လေ soo.."

" nae oppa"

~~~~~~~~~~~~~~~~~

Kaiတစ်ယောက် အလုပ်ကိစ္စသာ ဆွေးနွေးနေတာ စိတ်ကလုံးဝမပါ..

" Mr.kim နေမကောင်းဘူးနဲ့တူတယ်..မျက်နှာလည်းမကောင်းဘူး.."

" arr..nae..ခေါင်းနည်းနည်းနောက်နေလို့ပါ.."

" ဒါဆိုနောက်နေ့မှ ဆက်ဆွေးနွေးမလား Mr.kim..ခုmr.kimလည်း နေမကောင်းဘူးဆိုတော့ ဆွေးနွေးနေလည်း အချိန်ပုပ်ရုံပဲ ရှိမှာဆိုးလို့ပါ.."

" အာ့ဆို အဆင်ပြေတာပေါ့ဗျာ..ဒါဆို နောက်တစ်နေ့ထပ်ချိန်းလိုက်ပါ့မယ်.."

" ကောင်းပါပီ mr.kim"

Kaiတစ်ယောက် ဆွေးနွေးမယ့် ကိစ္စပျက်သွားတယ်ဆိုတော့ sooစီသွားဖို့ကိုပဲ စိတ်ထဲရောက်နေမိသည်..ခြေလှမ်းတွေကလည်း တက်ကြွပီး အပြုံးတွေကလည်း ရွှင်လန်းလို့ ခုနတုန်းက မျက်နာနဲ့များ တခြားစီ..

Hotelထဲက ထွက်ထွက်ခြင်း မြင်လိုက်ရတာက sooနဲ့ကောင်လေးတစ်ယောက်..ကောင်လေးက sooပုခုံးကို ဖတ်ထားပီး sooကလည်း ရယ်လို့..

" တောက်!!! DO Soo.."

ဖုန်းထုတ်ပီး ရင်းနီးပီးသားနံပါတ်တစ်ခုကို နှိပ်လိုက်သည်..

From Revenge To LoveWhere stories live. Discover now