"ပြီးပြီ အကိုလေး :) "

"Sorry ...ခုနက ငါမင်းဆံပင်ဆွဲလိုက်မိ
တယ်။"

"ဟုတ်လား?ကျနော်တောင်မသိလိုက်မိ
ဘူး ဟိဟိ "

"တကယ်မသိဘူးလား?"

"အော် မသိပါဘူးဆို ဒါနဲ့  ခုနက hyung ဘာလုပ်မလို့ ထလာတာလဲ?"

"အိမ်သာသွားမလို့  ဘေးက ခွက်ကို တိုက်မိသွားတယ်ထင်တယ် "

"ဟုတ်လား? အခု ကျနော်လိုက်ပို့ မယ် "

Chanyeol, Yi Fan ကို တွဲပြီး အိမ်သာလိုက်ပို့ ပေးလိုက်သည်။

***************

"Yi Fanနဲ့  ဘယ်လိုနေလဲ"

Seok Jin နှင့် Taeyang မေးသည်ကို Chanyeol ပြုံးလိုက်ပြီး-

"အဆင်ပြေပါတယ် ထင်ထားတာထက်"

"ဟုတ်လား တော်သေးတာပေါ့ကွာ"

"Nae :) အကိုလေးမနေ့ က ခြေထောက် ထိသွားသေးတယ် ကျနော်အိပ်ပျော်နေတုန်း ဖြစ်သွားတာ"

"အရမ်းထိသွားလား"

"ဟင့်အင်း အရမ်းတော့ မများပါဘူး။ ကျနော်ဆေးထည့်ပေးပြီး ပတ်တီးစီးပေး
ထားတယ်"

"အင်း မင်းကိုအပ်ပါတယ်ကွာ"

"Nae :) "

****************

"အကိုလေးထမင်းစားရအောင်"

"မဆာသေးဘူး"

"12:00တောင်ကျော်နေပြီ မစားလို့ ရမလား? "

"ငါမှမဆာတာ"

"ဟွန့်  အကိုလေးက လိမ်မာပါတယ် စားနော် အာ......"

"ဟူးးးးးးးး "

Yi Fanသက်ပြင်းချရုံမှအပါးမတတ်နိုင်။
ပါးစပ်သာဟကာ Chanyeol ခွံ့ ကျွေးသမျှလက်ခံစားသောက်ရုံသာ တတ်နိုင်မည်။

"Park Chanyeol..."

"ဗျာ အကိုလေး "

"မင်းနာမည်က Park Chanyeol နော် "

"ဟုတ် "

"Channie... အင်းဟုတ်တယ် Channie လို့  ခေါ်မယ် "

ပျော်တော်ဆက် 😄 -KRISYEOL[Completed] ( Unicode only )Where stories live. Discover now