အခန်း(၉) - အတိတ်​ပုံပြင်​(၈)

2.4K 302 36
                                    


Unicode ‼️

အဆုံးသတ်ရလဒ်က
ဘာပဲဖြစ်ဖြစ်
မင်းနဲ့အတူသာဆို
အရာရာတိုင်းကို
ရင်ဆိုင်ရဲတာ
ချစ်ခြင်းက ပေးတဲ့
ခွန်အားတွေမလား
အချစ်ဦးသူရာ ...

••• အချစ်ဦးသည်သာ•••

အနိုင်​အရှုံး ဆုံးဖြတ်​ပေးမဲ့​နောက်​ဆုံးပွဲစဉ်​လေးမှာ​တော့ အမှတ်​တူ​နေတဲ့ ကျွန်​မတို့ ၂ဖွဲ့သာလျှင်​ယှဉ်​ပြိုင်​ဆော့ကစားရမည်​ဖြစ်​ပြီး

ဘယ်​လို ကစားနည်းဖြင့်​ယှဉ်​ပြိုင်​ကစားရမယ်​ဆိုတာ​ကြေငြာလိုက်​တဲ့ အချိန်​မှာ​တော့ ရင်​ထဲမှာ မီးရှူးမီးပန်း​တွေ​တသီတတန်းကြီး ဖောက်​ချလိုက်​သလို ရင်​ခုန်​သံ​တွေ ဝုန်းဒိုင်းကျဲသွား ခဲ့သည်​။​

ကစားရမည့်​နည်းကို သိသိချင်းမှာ ဂျီမင်းနဲ့
ကျွန်​မ တစ်​ယောက်​နဲ့ တစ်​ယောက်​
ပြိုင်​တူအကြည့်​ခြင်းဆုံမိ​တော့လဲ အေး​ဆေးပါ ဆိုတဲ့ အထှာနဲ့ သူက ပြုံးပြီး လက်​မ​ထောင်​ရင်း မျက်​စိတစ်​ဖက်​မှိတ်​ပြ​ခဲ့ပေမဲ့

ကျွန်​မမှာ​တော့ မ​အေး​ဆေးနိုင်​ဘဲ
ကတုန်​ကယင်​နဲ့တလှပ်​လှပ်​ဖစ်​နေတဲ့ စိတ်​က
အထိန်းအချုပ်​နိုင်​စွမ်း မဲ့​ခဲ့သည်​။

ထိုကဲ့သို့ ကျွန်​မကို ရင်​ခုန်​အောင်​လုပ်​သွားနိုင်​ခဲ့တဲ့ ပဉ္စ​မ​မြောက်​ကစားနည်းက​တော့

"နှလုံးသားတံခါး​ပေါက်​ကို အတူတူ
ဖြတ်​ကျော်​ခြင်း" ဟု အမည်​ပေးထားတဲ့ ကစားနည်း​လေးပါ။

ကစားပုံက​တော့ ဂျီမင်း က ကျွန်​မကို​ပွေ့ချီပြီး
အမြင့်​"၃​ပေခွဲ" အကျယ်​"၂​ပေခွဲ​"လောက်​ရှိတဲ့​အသဲနှလုံးပုံစံ စတီးတိုင်​၃တိုင်​ထဲကို တစ်​တိုင်​ပြီး တစ်​တိုင်​ဝင်​ကာ ဖြတ်​ကျော်​ရမည်​ဖြစ်​ပြီး

အဲ့လို ဖြတ်​သန်းတဲ့ အချိန်​မှာ တွန်းမိတိုက်​မိကာ တိုင်​တွေလဲသွားခြင်း မရှိ​စေပဲ ၃တိုင်​လုံးကို​အောင်​မြင်​စွာဖြင့်​အမြန်​ဆုံးဖြတ်​ကျော်​နိုင်​သည့်​အဖွဲ့ကသာလျှင်​ပထမဆု ရရှိမှာဖြစ်​ပါသည်​။

အချစ်ဦးသည်သာWhere stories live. Discover now