Page || 1

16.6K 939 39
                                    


//Hello……ချစ်ပြော//

//လူကြီးတွေသိကုန်ပြီ ကို ဒီည ချစ်ကိုလာခိုးတော့//

//ဟမ် ဘယ်လိုလုပ်…//

//ဟာ ကို အရမ်းစကားများတယ် ခိုးမှာလား
မခိုးဘူးလား ဒီညမှမလာရင် ချစ်နဲ့တသက်လုံး
ဝေးပြီနော်//

//အာ…ချစ်ကလဲ……//

//ဒါပဲ ဒါပဲ Appa ဒီဘက်ကိုလာနေပြီ//

တဖက်မှဖုန်းချသွားသည်နှင့် Sehun ဖုန်းကြီးကို
ကိုင်ပြီး 5Minလောက်ငြိမ်သက်သွားသေးသည်

လူကြီးတွေက ဘယ်လိုသိသွားရတာလဲ???

Sehunနဲ့Lulu နှစ်ယောက်လုံးက ခုမှတက္ကသိုလ်တက်တုန်းမို့ လက်ထပ်ဖို့ကို
လူကြီးတွေသဘောတူမှာမဟုတ်

**ဒီညမှမလာရင် ချစ်နဲ့တသက်လုံး
ဝေးပြီနော်**

Sehun ဝုန်းကနဲမတ်တပ်ထရပ်လိုက်သည်

ဒီကောင်မလေးLuluကို သူ လုံးဝလက်မလွှတ်
နိုင်ပါလေ

ဒါနဲ့ ခိုးတော့ ဘယ်ကိုခိုးလာရမှာလဲ???

Sehunတွေဝေသွားပြီး ပြန်ထိုင်နေလိုက်သည်
ဘေးနားမှာချထားသည့်ဖုန်းကိုယူကာ နံပါတ်
တချို့ခပ်သွက်သွက်နှိပ်လိုက်ရင်း

//Sehun…na စောစောစီးစီး ဘာကိတ်//

//Chanyeollie Hyung ကျနော် မိန်းမခိုးမလို့//

//ဘာာ……//

ဖုန်းကို နားနှင့်နှစ်ပေလောက်ခဏခွာ
လိုက်ရသည် နှစ်ယောက်မရှိသော
High Noteနှင့် Baekhyun Hyungအသံ
Chanyeol Hyungပြောသလို မနက်စောစော
စီးစီးဆို သူတို့နှစ်ယောက်က စောစောစီးစီး
ဘာကိစ္စအတူတူရှိနေကြတာလဲ????
မင်္သကာစရာ

//Lulu့ကိုလား//

//Hyungကလဲ Lulu့မခိုးလို့ ကျနော်က ဘယ်သူ့
သွားခိုးရမှာလဲ လူကြီးတွေသိကုန်လို့ သူနဲ့မခွဲ
နိုင်ရင် လာခိုးတဲ့//

//နေစမ်းပါဦး မင်းက Lulu့ကိုတကယ်ချစ်တာလား//

မျှော်လင့်မထားသောမေးခွန်းဖြစ်သဖြင့် Sehun
ဆွံ့အသွားသည်
Luluက သူ့ချစ်သူပဲဟာ!!!ချစ်တာပေါ့

//Hyungပေါက်ကရတွေ လျှောက်မမေးနဲ့ဗျာ
ကျနော်ဘာဆက်လုပ်ရမလဲသာ အကြံပေး//

I Love You With All My Heartحيث تعيش القصص. اكتشف الآن