ဒါတောင် အနှီလူသားက မယူချင်ယူချင်ပုံစံနဲ့ လှမ်းယူပြီး အသံထွက်ဖတ်ကြည့်တယ်..။

"Byun Baekhyun.
Scholar Roll(2)..
6.5.1992...ဘာ!!!1992!!"

ထည်ဝါလှတဲ့ အသံသြသြရဲ့ အော်သံအဆုံး Baekhyunသူ့နားလေးကို လက်နဲ့ပွတ်ကာ...

"ဟုတ်တယ်လေ..92liner..ယုံပြီလား??"

"Arnyi...92linerမဖြစ်နိုင်တာတွေ..."

"Ya!!!"

ဘယ်ဘဝအကျိုးပေးမှန်းမသိ..အသက်ကဖင်ဆောင့်နေပြီး ရင့်မလာတဲ့ရုပ်နဲ့ ထွက်မလာတဲ့အရပ်ကို ပိုင်ဆိုင်ထားရတဲ့ဘဝ..အမြဲလိုလို အလယ်တန်းအထင်ခံနေရတာ..ကြာတော့ စိတ်တိုလာပြီ ကျောင်းဝင်ကဒ်ထုတ်ပြနေတာတောင် မဖြစ်နိုင်ဘူးဆိုနေတဲ့ လူရဲ့ခေါင်းကို မမှီ့တမှီအရပ်နဲ့ပြေးခေါက်ချင်စိတ်ကို မနည်းထိန်းထားရတယ်...

"စူးလိုက်တဲ့ အသံကွာ.."

"မင်းကယုံမှမယုံတာ.."

Baekhyunမျက်မှောင်ကြုတ်ပြီး ပြောလိုက်တော့ ကောင်လေးက၃၂ချောင်းသော သွားတို့ကို ဖြီးပြပြီး....

"ဟီး...ယုံပါပြီကွာ.."ဟု..

ဆိုကာ သူ့လက်ထဲကို ဝင်ခွင့်ကဒ်လေးပြန်ထည့်ပေးတယ်..။

Baekhyunခနတာ ကြောင်သွားသည်တော့အမှန်.။စောစောကတော့လူကိုအစိမ်းလိုက်ဝါးစားတော့မယ့်ရုပ်နဲ့.ခုကျပြန်တော့လည်း သွားဖြီးကြီးနဲ့...

"ဘာပဲဖြစ်ဖြစ်...ငါကမင်းRoommateပဲ.မင်းနာမည်က.."

"Scholar Roll(1)."

"အော်..နာမည်ကအဆန်း...ဆန်း..ဘာ!!Roll(1)!!"

သူ့ရဲ့အလန့်တကြားအော်လိုက်တဲ့ အသံကြောင့် ကောင်လေးကမျက်နှာလေးမဲ့သွားပြီး...

"အေးလေကွာ..Roll(1)ဘာဖြစ်လို့လဲ??"

"ဒါ..ဒါဆို Park Chanyeolပေါ့.."

"Wow...ငါကceleဖြစ်နေတာပေါ့..။မင်းငါ့ကို သိတယ်လား?"

သူ့မေးခွန်းကိုမဖြေဘဲ ကုတင်ပေါ်ချထားတဲ့ လွယ်အိတ်ကိုကောက်လွယ်ကာ အခန်းအပြင်ဘက်ပြန်ထွက်ဖို့ ပြင်နေတဲ့ Roll(2)လေးကို ကုပ်ကနေဆွဲထားရင်း...

"Ya!!ဘယ်သွားမလို့လဲ?အထုပ်တွေနဲ့.."

"ငါ..ငါ..ပြန်.ပြန်တော့မယ်.."

Gangster's Puppy(Chanbaek/Baekyeol-Yaoi) (Unicode+ZawGyi)Where stories live. Discover now