Anyeong Nal ga..

80K 4K 66
                                    

ZawGyi

"An..Anyeong!ငါ့နာမည်က Byun Baekhyunပါ.."

Baekhyunကြောက်ကြောက်လန့်လန့်နဲ့ သူ့ရှေ့ကကောင်လေးဆီ လက်လေးကမ်းပြီး နှုတ်ဆက်လိုက်တယ်..။

ဒါပေမယ့် တစ်ဖက်ကလူသားကတော့ တုပ်တုပ်တောင်မလှုပ်..။လက်ပိုက်လျက်သား..။ကြည့်ကောင်းလှ မျက်နှာချောမှာ အလိုမကျမှု၊သဘောမကျမှုတို့က အထင်းသား..

သူကမ်းပေးထားတဲ့လက်ကို အလိုက်တသိနဲ့ပြန်ဆွဲပြီး 'Anyeong'မလုပ်ပါဘူး..။မျက်မှောင်ကြုတ်လျက်သားနဲ့သာ Baekhyunကိုမမှိန်မသုတ် စိုက်ကြည့်နေတယ်..။

ဒီတော့Baekhyunလည်း အလိုက်တသိနဲ့ ကမ်းထားတဲ့လက်ကို ပြန်ရုပ်လိုက်ပြီး...

"ငါကမင်းနဲ့တူတူနေမယ့်သူပါ..မင်းရဲ့Roommateပေါ့.."

ဒုတိယတစ်ခွန်း ပြောလိုက်တယ်..။ဒါပေသိ တုန့်ပြန်မှုက ရှေးယခင်ကအတိုင်းသာ...

ဒီတော့baekhyunလည်း ကုတင်ပေါ်ကို ကျောပိုးအိတ်တင်လိုက်ပြီး ပစ္စည်းတွေကိုနေရာချမယ်အလုပ် နောက်ကနေ..

"ငါက Roll(2)နဲ့ နေရမှာမဟုတ်ဘူးလား??"

"ဟမ်?"

Baekအူကြောင်ကြောင်ပုံစံလေးနဲ့ နောက်ပြန်လှည့်ပြီး မေးလိုက်တော့ အနှီကိုယ်တော်ချောက...

"ကျွတ်..အဆောင်မှူး ငါ့ကိုပြောသွားတာ..ဒီSelvicကျောင်းကို Roll(2)နဲ့ ဝင်တဲ့သူနဲ့နေရမှာ ဆိုပြီးတော့.."

အဲ့တော့မှာ baekလည်း သွားလေးဖြီးပြပြီး...

"ဟီး...အဲ့ Roll(2)က ငါလေ.."

သူ့အပြောကို "ဟာ..ဟုတ်လား?"ဆိုပြီး အားရဝမ်းသာ ပြန်မပြောဘဲ...

"ဒါဆို မင်းအဆောင်မှားလာတာနေမှာ.ဒါအထက်တန်းနှစ်တွေအဆောင်၊အလယ်တန်းနှစ်တွေ အဆောင်က ကျောင်းအနောက်ဘက်မှာ.."

ရှေ့ကနေလက်ကိုပိုက် မျက်နှာထားတည်တည်နဲ့ပြောနေတဲ့ ကောင်ချောလေးရဲ့ စကားကြောင့် Byun Baekတို့ဆွေ့ဆွေ့ခုန်သွားကာ...

"Ya!!ငါလည်း အထက်တန်းကျောင်းသား တစ်ယောက်ပဲ..။ဒီSelvic Schoolကို Scholar Roll.(2)နဲ့ ဝင်တဲ့ Byun Baekhyunဆိုတာ ငါပဲ.."

ထိုသို့ဆိုသော်လည်း ကိုယ်တော်ချောမျက်နှာမှာ မယုံကြည်မှုတွေက အတိုင်းသားနဲ့မို့ Baekhyunသူ့ကျောပိုးအိတ်ထဲက ကျောင်းဝင်ခွင့်ကဒ်လေးထုတ်ပြလိုက်တယ်..

Gangster's Puppy(Chanbaek/Baekyeol-Yaoi) (Unicode+ZawGyi)Where stories live. Discover now