Awakening of insects #1

1.1K 227 23
                                    

မက်မန်းသီးတွေ ပွင့်တော့မည်။
Oriole ငှက်လေးတွေ သီချင်းဆိုနေပြီ။
သိမ်းငှက်တွေလည်း ဥဩငှက်အဖြစ်ကို ပြောင်းသွားပြီ။
345°
3rd month ရဲ့ 5th day to 7th day

Blade ဓား ရာ တစ်ချက်နဲ့ နာကျင်နေတဲ့ ခြေဖဝါးတစ်စုံ

ကျွန်တော့် mama က ပြောခဲ့ပါတယ်
ကျွန်တော် art ကိုသင်ယူတဲ့ အခါမှာ ပါရမီက လက်ဆောင်အဖြစ် ပါတယ်တဲ့
ဒါပေါ့ ဒီလောက ကြီးမှာ ဘယ်လက်ဆောင်ကမှ ရည်ရွယ်ထားတာ မဟုတ်ပါဘူး။
ကိုယ်ကြိုးစားမှလည်း ဖြစ်လာတာပါ။

အဲ့အချိန်တုန်းက ကျွန်တော် drawing lessons တွေအတွက်သွားရင် ဆရာမက ပုံဆွဲဖို့အတွက် နေရာမျိုးစုံကို ခေါ်သွားပေးတယ်။
ကျွန်တော်က အရင်ဆုံး ပုံဆွဲလို့ပြီးတဲ့ တစ်ယောက်ပဲ။
ဘာလို့လဲဆိုတော့ ကျွန်တော် ကစားချင်တာကို။
ပုံဆွဲပြီးမှ ကစားလို့ရမှာလေ။
ကျွန်တော် ဆွဲတဲ့ ပုံတွေကလည်း တူတော့ တူပါတယ်
ဒါပေမယ့် ပုံက အမြဲတမ်း စောင်းစောင်းကြီးတွေ ဖြစ်နေတတ်တယ်
Towel(သဘက်) ပုံဆွဲရင် towel က ပြုတ်ကျ တော့မယ့်ပုံစံ
Mountain(တောင်) ပုံဆွဲရင် mountain က မိုးကောင်းကင်ကို ထိုးထွက်နေတယ်။

Piano တီးတာ ပထမဆုံး သင်တုန်းကလည်း အဲ့လိုပါပဲ။
တစ်လလောက် ကြာပြီးတော့ ဆက်သင်ချင်စိတ်မရှိတော့ဘူး
Piano ကို ပထမ စစချင်း ဝယ်တုန်းကတော့ အရမ်းပျော်ခဲ့တယ်။
အမည်းရောင် ပစ္စည်း အကြီးကြီး.... ကျွန်တော့်အရပ်ထက်လည်း ပိုရှည်တယ်။
အရမ်းလည်း ဈေးကြီးပြီးတော့ လူတိုင်းက ဝယ်ဖို့ မတတ်နိုင်ကြဘူး။
ကျွန်တော့် အိမ်ဘေး ဖက်တီး ကလေးလေးတောင် electronic keyboard ပဲ တီးနိုင်တဲ့ အချိန်မှာ ကျွန်တော့်မှာ piano တောင်ရှိနေပြီ။
ဒါပေမယ့် ကျွန်တော့် သူငယ်ချင်းတွေကို ၄,၅ ရက်လောက် ကြွားပြီးတဲ့ အချိန်မှာတော့ အဲ့လို piano ရှိလို ပျော်တဲ့ အပျော်က ပျောက်သွားရော ။

နေ့တိုင်းပါပဲ ကျွန်တော် piano ရှေ့မှာ နာရီအနည်းငယ်ကြာအောင် ဆက်တိုက်ထိုင်ရတယ်။
Piano ပေါ်မှာ လက်ချောင်းလေးတွေကို လေ့ကျင့်ရတာ လွယ်ကူရိုးရှင်းတဲ့ အလုပ်မျိုးတော့ မဟုတ်ပါဘူး။
အဲ့အစား electronic game တွေကိုပဲ ဆော့လိုက်ချင်တယ်။
ကျွန်တော် piano တီးတာလုံးဝ မသင်ချင်ပါဘူး
အရမ်းစိတ်ညစ်ဖို့ကောင်းတယ်။
ကလေးတွေက အရမ်းစိတ်ညစ်လာပြီဆိုရင် သူတို့က အတင့်ရဲလာကြတယ်။
အဲ့လို လုပ်ဖို့တော့ မရည်ရွယ်ပါဘူး
ဒါပေမယ့် ကျွန်တော် မလုပ်သင့်တာ တစ်ခု လုပ်လိုက်မိတယ်။

ကျွန်တော့် mama က ကျွန်တော့်ကို piano အတီးလေ့ကျင့် ဖို့ပြောပါတယ်။
ကျွန်တော် အချိန်ဆွဲ ပြီး လေ့ကျင့်ခဲ့တယ်
သူထွက်သွားတဲ့ တိုင်အောင် ကျွန်တော် နေရာ မထဘဲ လေ့ကျင့်ခဲ့တယ်။
အဲ့အချိန်မှာ ကျွန်တော့် ခေါင်းထဲကို အတွေးတစ်ခု ဝင်လာတာပါပဲ။
" Piano သာ ပျက်စီးခဲ့မယ် ဆိုရင် ကျွန်တော် ထပ်ပြီး လေ့ကျင့် စရာမလိုတော့ဘူး...ဟုတ်တယ်မလား? "

တော်တော်တော့ ရယ်စရာ ကောင်းတယ်။
တီးမယ်ဆိုရင် စထိုင်လိုက်တဲ့ အချိန် အားမရှိတော့သလို လေးလံထိုင်းမှိုင်းပြီး
အဲ့လို လုပ်မယ်လို့ စိတ်ကူးပေါ်လာတဲ့ အချိန် တစ်ကိုယ်လုံး energy တွေ ပြည့်လာသလို ခံစားရပြီး စိတ်တွေလည်း လှုပ်ရှားခဲ့တယ်။
အဲ့နောက် ကျွန်တော် စပြီး စူးစမ်းလိုက်တယ်။
Keyboard တစ်ခုကို နှိပ်လိုက်တဲ့ အချိန် သူ့ရဲ့ အလယ်က အပိုင်းလေးက နစ်ဝင်သွားတယ်
ကျွန်တော် တွေးခဲ့တာက တကယ်လို့သာ အဲ့ keyboard က ကြားထဲမှာပဲ ညပ်နေပြီး ပြန်တက်မလာတော့ရင် ပျက်ပြီ ငါဆက်တီးလို့ မရတော့ဘူး လို့ တွေးခဲ့တယ်
အဲ့အတွေးနဲ့ အတူ နေ့တစ်ဝက်လုံးလုံး ထုခဲ့တယ်
ဒါပေမယ့် လုံးဝ မပျက်စီးဘူး ညပ်လည်း မညပ်ဘူး။
နောက်တော့ စားပွဲ ပေါ်က blade ဓားကို တွေ့တော့ ဆွဲယူပြီး keyboard တွေပေါ်ကို အလယ်ကနေ အချက်ပေါင်း များစွာဆွဲ ခြစ်လိုက်တယ်
" ဒါဆိုရင်တော့ သေချာပေါက် ပျက်စီးမှာပဲ ! "

♡~♡~♡~♡~♡

A/N...gege ကတကယ့်အမွှေထိုးလေး :))

28.12.15

Kylin

Lay's AutoBiography 而立24 (Myanmar Translation)Where stories live. Discover now