Spring Showers #2

1.3K 288 18
                                    

ဝှက်ဖဲ

ကျွန်တော် Micheal Jackson ရဲ့ပုံစံကို အတုခိုးခဲ့တယ်...
သူ့ပုံစံကို ကောင်းကောင်း အတုခိုးနိုင်ခဲ့တယ်...
အဲ့လို လုပ်ရတာလည်း အရမ်းပျော်စရာကောင်းတယ်လို့ ထင်ခဲ့တယ်....
ပြီးတော့ အဲ့လို အတုခိုးတာက လည်း ကျွန်တော့် ဝှက်ဖဲ တစ်ချပ် ဖြစ်လာပါတယ်...
ကျွန်တော် ငယ်ငယ်တုန်းက အိမ်စာလုပ်ရတာ မကြိုက်ပါဘူး..
ကျွန်တော် အိမ်စာ မလုပ်ရင် ကျွန်တော့် အမေက အရမ်းဒေါသထွက်ပါတယ်..

ပြီးတော့ ကျွန်တော့်ကို စည်းကမ်းကျပ်ပါတော့တယ်..
အဲလိုမျိုးကျွန်တော့်ကို အပြစ်မရှိ အပြစ်ရှာပြီး ဆူနေတဲ့ အချိန်မျိုးဆိုရင် ကျွန်တော် အင်္ကျီကို ချွတ်ပြီး သူ့ရှေ့မှာ ရပ်လိုက်ပါတယ်
ရင်ဘတ်ကို ကော့ပြီး Micheal Jackson သီချင်းတွေကို ဆိုပြတယ်..
ကျွန်တော်က ဝတာ ကြောင့် Beat it သီချင်း ဆိုရင်း ရင်ဘတ်ပေါ်က အဆီတွေကို တုန်တုန် တုန်တုန်နဲ့ လှုပ်ပြတဲ့ အခါမှာ အမေက ရယ်ပါတော့တယ်...အမြဲတမ်းပဲ အတောမသတ်နိုင်တဲ့ အထိ ရယ်ပါတယ်..
သူ့ ဒေါသတွေ ပျောက်သွားတဲ့ အထိကို ဟက်ဟက်ပက်ပက် ရယ်ပါတယ်

အရုပ်လို ကစားခံရပြီး ကြီးပြင်းလာပုံ

ဘဝဆိုတာ ခန့်မှန်းလို့ မရပါဘူး...
ကလေးဆိုရင်တောင် မှ ခြွင်းချက်မရှိဘူး.....
ကျွန်တော် Micheal Jackson ကို အတု ခိုးတဲ့ အချိန်တိုင်း ကျွန်တော့် မိသားစုဝင်တွေ အကုန်လုံးက အားပေးကြတယ်...
အဲ့လိုနဲ့ ကစားနည်းတစ်ခု ပေါ်လာတယ်...
ကျွန်တော် ငါးနှစ် ခြောက်နှစ် လောက်တုန်းကဆို mama က သုံးဆယ်ပဲ ရှိသေးတယ်...
ဒါပေမယ့် ကျွန်တော့် အဒေါ်တွေ ဦးလေးတွေ အကုန်လုံးက ၁၃ နှစ် ၁၄ နှစ်ပဲ ရှိကြသေးတယ်...
ကစားတာကို အရမ်း ကြိုက်တဲ့ အရွယ်ပေါ့

game က ဒီလိုဆော့တာပါ...
ကျွန်တော်က ကုတင်ပေါ်မှာ ရပ်တယ်...
ကျွန်တော့် မိသားစုဝင် တွေ အကုန်လုံး လူကြီးတွေရော လူငယ်တွေရောက ကုတင်ဘေးက ကြမ်းပြင်ပေါ်မှာ ထိုင်ကြတယ်...
အဲ့လိုနဲ့ ကျွန်တော့်အိမ်က ကုတင်က ကျွန်တော့်ရဲ့ ပထမဆုံး stage စင်ဖြစ်လာတာ.....

ပြီးရင် သူတို့က သူတို့ အကြိုက်သီချင်းကို ရွေးပြီးဆိုခိုင်းတယ်
" hey...ဒါကိုဆို...ဒီအပုဒ်ကိုဆို..."

Lay's AutoBiography 而立24 (Myanmar Translation)Onde as histórias ganham vida. Descobre agora