Preface #1

2.8K 405 31
                                    

ကျွန်တော် ဒီ စာအုပ်ကို ရေးနေတဲ့ အချိန်မှာ Korea မှာ training ဆင်းခဲ့ရတဲ့ အချိန်တွေကို အရမ်း သတိရမိတယ်..

ဘယ်သူမှ မရှိတဲ့ အခန်းကျယ်ကြီးထဲမှာ တစ်ယောက်တည်း လေ့ကျင့် ခဲ့ရတဲ့ အချိန်တွေ...

ပင်ပန်းလွန်းလို့ အိပ်ပျော်သွားတဲ့ နောက် ညလယ်ကြီး ကိုယ့်ဘာသာကိုယ် နိုးလာတုန်းက

အရမ်း ပင်ပန်းလွန်းလို့ ဘယ်လို ရှေ့ဆက်ရမလဲ ဆိုတာ မသေချာခဲ့ တဲ့ ခံစားချက် တွေနဲ့ နေခဲ့ရတဲ့ ညတွေ ကို သတိရမိတယ်..

ထူးဆန်းတာတစ်ခုက...

ကျွန်တော် အဲ့ညတွေကို သတိရမိတာ
အဲ့ တုန်းက ခံစား ခဲ့ရတဲ့ ခက်ခဲ ပင်ပန်းမှုတွေ ကြောင့် မဟုတ်ဘူး...
ဒီလို နှစ်တွေ အကြာကြီး ပြီး သွားတဲ့နောက်
အဲ့ ညတွေက ဘယ်လောက် အဖိုးတန်လဲ ဆိုတာ နားလည်လာလို့ဘဲ...

အဲ့လိုညတွေက ကျွန်တော် ကို ဘယ်လောက် အထောက်အပံ့ပေးခဲ့လဲ ...
အခု ဒီလို "Lay" ဆိုတာ ဖြစ်လာဖို့ ဘယ်လိုလုပ်ပေးခဲ့တယ်ဆိုတာ နားလည်လာလို့ဘဲ...

ကျွန်တော့် စိတ်ထဲမှာ စွဲနေတဲ့ ပုံရိပ် တစ်ခု ရှိခဲ့တယ်...
ပထမဆုံး Debut stage ပေါ်မှာ ရပ်နေတုန်းကပေါ့..
လူတိုင်းက ကျွန်တော့်ကို ပြုံးနေကြတယ်...ယုံကြည်ချက်ရှိရှိ ကနေတယ် ဆိုပြီး မြင်ကြတယ်...
ဒါမယ့် ကျွန်တော် စိတ်ဓာတ် ကျနေတဲ့ အချိန် ဆိုရင်တော့ အားလုံးရှေ့က ပျောက်ကွယ်သွားချင်မိတယ်...

စင်က အကြီးကြီး..
ကျွန်တော်တို့ fan တွေက ပေးတဲ့ လက်ခုပ်သံတွေက ကြည်လင်ပြတ်သားစွာနဲ့ ဟိန်းထွက်နေတယ်..
ကျွန်တော့် နာမည်ကို ကြေညာလိုက်တဲ့ အချိန်...
ကျွန်တော့် ခန္ဓာကိုယ်က စင်ပေါ်မှာ ရပ်နေတယ်...
ကျွန်တော့် နှလုံးသားကတော့ အပျော်တွေ ရင်ခုန်သံတွေ အပြည့် နဲ့...
ဒါပေမယ့် ကျွန်တော့် စိတ်ထဲမှာတော့ မေးခွန်းပေါင်း များစွာကို မေးနေခဲ့ပါတယ်..

"ငါ အခု နေရာများ မှားနေပြီလား.."

"ငါ့ performance က အဆင်ပြေရဲ့လား.."

"ခဏနေကျရင် စကားပြောရတော့မှာ..အမှား လုပ်လို့ မဖြစ်ဘူး.."

Lay's AutoBiography 而立24 (Myanmar Translation)حيث تعيش القصص. اكتشف الآن