Bonus

6.8K 446 48
                                    

2028
Bonus

မင်္ဂလာခန်းမကြီးထဲမှာ လူ​တွေနဲ့ စည်​ကား​နေပြီး လူ​တွေကို လိုက်​နှုတ်​ဆက်​​နေတဲ့ သတို့သားနဲ့ သတို့သားမိဘနဲ့ သတို့သမီး မိဘများ ....

အပြုံးများ ​ဝေ​ဝေဆာဆာနဲ့ မင်္ဂလာပွဲကို ကြွ​ရောက်​လာ​သော ဧည့်​သည်​များကို လိုက်​ဧည့်​ခံ​နေသည်

ထိုအချိန်​ Waiting Room ထဲမှာ​တော့

'Lu ငါ စိတ်​လှုပ်​ရှားလိုက်​တာ '

သူမ ​ပြောပြီး Lu လက်​ကို ကိုင်​လိုက်​သည်​ သူမ လက်​​တွေ ​အေးစက်​​နေသည်

'လက်​​တွေ ​အေးစက်​​နေတာပဲ Baek ရယ်​ '

'ဟီးး ဟီး စိတ်​အရမ်းလှုပ်​ရှား​နေလို့ပါ '

မင်္ဂလာ​ဆောင်​ရမယ့်​ သတို့သမီးရဲ့ ခံစားချက်​က ​ပျော်​တယ်​ဆိုတာ ဒါမျိုး​နေမှာ

Baek ​တွေး​နေတုန်း ကိုကို အခန်းထဲကို ဝင်​လာသည်

'လှလိုက်​တာ Baek ရယ်​ '

သူမက​တော့ သူ့ကို ပြုံးကြည့်​​နေသည်

သူ သူမ​ဘေး ဝင်​ထိုင်​လိုက်​ပြီး သူမနား​လေးကိုကပ်​ကာ နားသယ်​စနား​လေးကို နမ်းမလို့ ရှိ​သေးတယ်​ အခန်းထဲကို Hun ဝင်​လာပြီး

'​ဟေ့​ရောင်​ အခမ်းအနားစ​တော့မယ်​ '

'ဟာ မင်းကလဲ '

'​ဟေ့​ရောင်​ ဟာ မ​နေနဲ့ သွားမယ်​ကွာ '

Hun က သူ့လက်​ကိုဆွဲပြီး ​ခေါသွားသည်​ သူ့မျက်​နှာ မသာမယာနှင့်​ ပါသွားသည်

ခဏကြာ​တော့ သတို့သမီး ​နေရာယူလို့ အသံကြားလိုက်​သည်​ ကို့ကိုအ​ဖေ အခန်းထဲ ဝင်​လာသည်

'သမီး သွားရ​အောင်​ '

'ဟုတ်​ '

သူမ မတ်​တပ်​ရပ်​လိုက်​​တော့ အ​နောက်​က ဂါဝန်​အရှည်​ကြီးကို ဝန်​ထမ်း​လေး​တွေက ဖြန့်​​ပေးလိုက်​သည်

မင်္ဂလာခန်းမထဲ ကိုကို့အ​ဖေလက်​ကို တွဲကာ ဝင်​ခဲ့သည်​ သူမဝင်​လာ​တော့ လက်​ခုပ်​သံ​တွေ တ​ဖြောင်း​ဖြောင်းနှင့်​ ....

2028Nơi câu chuyện tồn tại. Hãy khám phá bây giờ