Episode 23

4.8K 474 4
                                    

2028
Episode 23

သူမ ဟိုကို ​ရောက်​​တော့ မနက်​ ၈ နာရီ​တောင်​ ထိုး​နေပြီ​လေ သူမတို့ မနက်​ ၅ နာရီကတည်းက မြို့က​နေ ထွက်​ခဲ့ကြတာ လမ်းမှာ ၃ နာရီ ​မောင်းရတယ်​​လေ

ခု ​ရောက်​​တော့ ကား​ပေါက ပစ္စည်း​တွေချရသည်
အလုပ်​သင်​​တွေ​ပေါ့

အကုန်​ချပြီးသွား​တော့ ခဏနား ပြီး​တော့ Camp ​တွေ ထိုး ....ထိုးပြီး​တော့ အတွင်းထဲ ထည့်​စရာ ရှိတာထည့်​သည်​ (နယ်​မှာဆို​တော့ အ​ဆောက်​အဦး​တွေ မရှိ​တော့ camp ထိုးပြီး လုပ်​​ရတာ​ပေါ့​နော်​ )

Baek တို့ လုပ်​ပြီး​တော့ ခဏနား​နေတုန်း ဆရာ​တွေ ​ရောက်​လာပြီး

'ကဲ အားလုံး​နေရာ ချပြီးပြီဆို လူနာ​တွေလဲ ​စောင့်​​နေပြီ ​ခေါလိုက်​​ကြစို့ '

'ဟုတ်​ကဲ့ '

သူမတို့ အလုပ်​သင်​​လေး​တွေ အပြင်​ထွက်​ကြပြီး လူနာ​တွေကို အထဲဝင်​လို့ရ​ကြောင်း သွား​ပြောရသည်

တစ်​​ယောက်​မှ အနားမ​နေရ ....ဟိုဟာ​လေး ယူ​ပေးပါဦးဆိုလဲ သူမတို့ပဲ ဒါ​လေး လုပ်​ဦး ​သွေး​ပေါင်​​လေး ချိန်​ဦး အကုန်​ သူမတို့ပဲ လုပ်​ရတာ​ပေါ့ Nurse မှ ပါမလာတာ ...

လုပ်​ရင်းကိုင်​ရင်းနဲ့ ​နေ့လည်​ ​ရောက်​မှန်းမသိ ​ရောက်​လာသည်

'ကဲ လူနာလဲ ပါးသွားပြီဆို​တော့ ​နေ့လည်​စာ စားလိုက်​ကြစို့ '

စား​တော့လဲ အားလုံး အတူတူ ဝိုင်းဖွဲ့ စားကြသည်

စားပြီး​တော့ ခဏနား​နေတုန်း ဆရာဝန်​မက ​ရောက်​လာပြီး

'Baek ​ရေ ခဏ ဟိုမှာ ajima တစ်​​ယောက်​ကို ​သွေး​ပေါင်​ တိုင်း​ပေးလိုက်​ဦး '

'ဟုတ်​ကဲ့ '

သူမလဲ ထိုင်​​နေရာက​နေ ထပြီး ဆရာဝန်​မ ​ခေါတဲ့ ​နောက်​လိုက်​ခဲ့သည်

Camp ထဲ လိုက်​ဝင်​သွား​တော့

'Baek ​သွေး​ပေါင်​ အရင်​တိုင်းထားလိုက်​ အစ်​မ ခဏ​နေရင်​ပြန်​လာခဲ့မယ်​ '

'ဟုတ်​ကဲ့ '

ပထမ ဝင်​လာတုန်းက ထို ajima ကို ဆရာဝန်​မနဲ့ ကွယ်​​နေလို့ မမြင်​ရဘူး

2028Where stories live. Discover now