ထိုအချိန် ဖေဖေက လှမ်းခေါ်သည်။အုန်းရည် လာယူလှည့်ပါတဲ့
အဲ့ဒါနဲ့ သူသွားယူသည်။သွားယူပြီး ပြန်လာသည့် အချိန် Baek ကို ကြည့်လိုက်တော့ ပင်လယ်ရေပြင်ပေါ်တွင် မရှိ။
သူ ချက်ချင်း ရေထဲ ပြေးဆင်းသွားပြီး Baek နာမည်ကို အဆက်မပြတ်အော်ခေါ်နေသည်။
'Baek ရေ Baek Byun Baekhyun ညီမလေးရေ ဘယ်မှာလဲ '
သူ ခေါလို့မရတော့ ရေငုံပြီး ရှာတော့မှ Baek ကို တွေ့သည်။ရေနစ်နေတာ
သူ Baek ကို ကမ်းပေါ်ကို ခေါ်ပြီး ပခုံးပေါ်ကို ထမ်းကာ တစ်ချက် နှစ်ချက် ဆောင့်လိုက်သည်။
Baek ပါးစပ်က ရေ နည်းနည်းတော့ ထွက်လာသည်
ပြီးတော့ အောက်ကို ချလိုက်ပြီး ရှေးဦးသူနာပြုနည်းကို သုံးလိုက်သည်။
Baek နှုတ်ခမ်းကို သူ့နှုတ်ခမ် နဲ့ တေ့ပြီး လေတွေ သွင်းလိုက်သည်။
အဲ့တော့မှ Baek ပါးစပ်ထဲက ရေ တော်တော်များများ ထွက်သွားပြီး လူလဲ သတိရလာသည်
'Baek Baek သတိရပြီလား '
'အင်း အင်း '
'Baek ကိုကိုလေ Baek ဘာမှ မဖြစ်တော့ဘူး သိလား '
'အင်း ကိုကို Baek လေ သေတော့မှာ သိလား '
Baek ပြောရင်း Yeol ကို ဖက်ပြီး ငိုချလိုက်သည် Yeol လဲ Baek ကို ပြန်ဖက်ကာ ဘာမှမဖြစ်တော့ဘူး ဘာမှမဖြစ်တော့ဘူး လို့ပြောနေတယ
ဖေဖေနဲ့ မေမေ ရောက်လာသည်။
'သမီးလေး '
'မေမေ Baek ဘာမှမဖြစ်တော့ဘူး '
Baek မိဘတွေ စိတ်ပူမှာစိုးလို့ ပြောလိုက်သည်
'ကိုကို Baek ကို ထူပါဦး Baek တို့ Hotel ပြန်မယ် Baek နားချင်ပြီ '
'အင်း အင်း '
Yeol Baek ကို ထူလိုက်တော့ Baek ခြေထောက်တွေက ကောင်းကောင်းမထောက်နိုင် ခွေကျနေသည်
အဲ့ဒါနဲ့ Yeol Baek ကို ပွေ့ချီလိုက်သည်။
Hotel ရောက်တော့ Baek ကို အခန်းထဲ ပို့ပေးလိုက်ပြီိး
'Baek တစ်ယောက်ထဲ ရလား ကိုကိုနေပေးရမလား '
'ရပါတယ် ကိုကိုကလဲ Baek ခဏ နားလိုက်ရင် အဆင်ပြေသွားမှာပါ နည်းနည်းလန့်သွားတာပါ '