Episode 1

19.6K 835 4
                                    

'Baek ရေ သမီးလေး ထတော့ '

Baek အခန်းထဲကို Omma ဝင်လာပြီး Baek က်ု နှိုးနေတာ။

'nae omma ထပြီ'

'အေး အေး သမီး သမီးကိုကို ကို သွားနှိုးလိုက်ဦးနော် '

'nae omma'

Baek မျက်နှာသစ်ပြီး ကိုကိုအခန်းထဲကို ဝင်ခဲ့သည်။

'ကိုကိုရေ ထတော့ ဒီနေ့ စောစောသွားရမယ်ဆို '

Yeol တစ်ယောက် ထချင် မထချင်နဲ့

'အင်း အင်း '

'ကိုကိုကလဲ ထပါဆို '

Baek Yeol ခြုံထားတဲ့ စောင်ကို ဆွဲလိုက်သည်။

'အင်း အင်း ထပြီ Baek ရေ ကိုယ့်အစ်ကို ကျပ်ကျပ်အနိုင့်ကျင့် သိလား '

Baek ခေါင်းလေးကို ပွတ်ပြီး ပြောလိုက်သည်။

'ဟာ ကိုကိုကလဲ ခေါင်းမကိုင်ပါနဲ့ဆို '

'ဘာလို့လဲ '

'သိဘူး ကိုင်တာမကြိုက်ဘူး '

'မကြိုက်လို့ကို ကိုင်ဦးမှာ '

Yeol Baek ခေါင်းကို ကိုင်ပြီး ဆံပင်တွေကို ဖွလိုက်သည်။

'ဟာ ကိုကိုမကောင်းဘူး ဟင့် '

Baek ပြောပြီး Yeol အခန်းထဲက ထွက်ခဲ့သည်။Yeolကတော့ ရယ်ရင်း ကျန်နေခဲ့တာပေါ့။

အဲ့အချိန်တုန်းက Baek က အလယ်တန်းကျောင်းသ Yeol က ဆေးကျောင်းသား ပေါက်စပေါ့။

#########

ဒီလိုနဲ့ Baek အထက်တန်း နောက်ဆုံးနှစ်ရောက်လာခဲ့ပြီ။

Yeol လဲ Part 2 ရောက်ပြီလေ။

မနက် Yeol အကျီင်္လဲ နေတုန်း မေမေဝင်လာပြီး

'ဘာလို့လဲ မေမေ '

'ဘာမှမဟုတ်ပါဘူး သားရယ် သားကို မှာစရာလေးတွေ ရှိလို့ '

'ဟုတ်ကဲ့ ပြောပါ မေမေ '

'သား ညီမ အကြောင်းပါ Baek လေးက သားသိတဲ့ အတိုင်းပဲ နည်းနည်းတော့ ဆိုးပေမဲ့ သားစကားဆို နားထောင်တယ်မလား မေမေတို့ ဖေဖေတို့ စကားကို နားမထောင်ပေမဲ့ သားစကားဆို တစ်ခွန်းပဲလေ အဲ့ဒါ ကြောင့် တစ်ကယ်လိုများ မေမေတို့ မရှိတော့ရင် သားညီမလေးကို သေချာစောင့်ရှောက်ပေးဖို့ '

2028Onde histórias criam vida. Descubra agora