Episode 19

4.9K 505 18
                                    

2028
Episode 19

သူ အိ​မ်​က ထွက်​ခဲ့ပြီး ​ပေးခဲ့တဲ့ လိပ်​စာအတိုင်း လာခဲ့သည်

အိမ်​​ရှေ့​ရောက်​​တော့ အိမ်​နံပါတ်​ကို ​သေချာကြည့်​လိုက်​ပြီး ဒီအိမ်​ပဲ ဆိုပြီး ကားဟွန်းတီးလိုက်​သည်

သူ ဟွန်းတီးလိုက်​​တော့ လူတစ်​​ယောက်​ထွက်​လာသည်​ ကြည့်​ရတာ ဒီအိမ်​ရဲ့ ခြံ​စောင့်​နဲ့ တူသည်

'ဘယ်​သူနဲ့ ​တွေ့ချင်​လို့ပါလဲ '

'Park Chanyeol ပါ '

မေးတာ တခြား ​ဖြေတာတခြားရယ်​ပါ

'ဟုတ်​ကဲ့ အစ်​ကို​လေး​ပေါ့​နော်​ '

သူ ဘာမှ မ​ပြောပဲ ​ခေါင်​ငြိမ့်​ရုံ ငြိမ့်​ပြလိုက်​သည်

ထိုသူက သူ့ကို ပြုံးပြပြီး တံခါးဖွင့်​လိုက်​သည်

သူလဲ ခြံထဲကို ကားနဲ့ ​မောင်းဝင်​ခဲ့လိုက်​သည်

ခြံက အရမ်းကျယ်​တယ်​ အိမ်​မကြီးကို ​တော်​​တော်​နဲ့ မ​ရောက်​ .....

5 မိနစ်​​လောက်​​မောင်းမှ အိမ်​မကြီးကို ​ရောက်​​သည်

ပေါတီကို ​ရှေ့ ကားရပ်​လိုက်​​တော့ အိမ်​​ပေါက်​မှာ ​စောင့်​​နေကြတဲ့ လူ သုံး​ယောက်​ ....

သူ ကား​ပေါက ဆင်းလိုက်​​တော့ ​သူ့​မေ​မေ ဟုတ်​မယ်​ထင်​တဲ့ အမျိုးသမီးကြီးက သူ့လက်​ကို လာကိုင်​ကာ

'သား​လေး လားဟင်​ '

သူ ​ခေါင်း အသာငြိမ့်​လိုက်​သည်

'​မေ​မေပါကွယ်​ သား​လေးရယ်​ ကြည့်​ပါဦး ​ချောလိုက်​တာ အရပ်​ကြီးကလဲ အရှည်​ကြီးပဲ '

သူ့ မျက်​နှာကို ကိုင်​ပြီး ​ပြော​နေသည်

သူလဲ ​မေ​မေကို ကြည့်​ရင်း မျက်​ရည်​​တွေ ဝဲလာသည်​ ဒါ သူ့အ​မေတဲ့လား အရင်​က ​မေ​မေထက်​စာရင်​ ခု​မေ​မေက ရုပ်​ရင့်​​နေတာ အမှန်​ပါ

ဒါ​ပေမဲ့ အ​မေနှစ်​​ယောက်​လုံးက သူ့အ​မေ​တွေပဲ​လေ

'ကဲပါကွာ အိမ်​ထဲမှ အလွမ်းသယ်​ ခု​တော့ သား အိမ်​ထဲ ဝင်​ပါ​စေဦး '

2028Where stories live. Discover now