Episode 6

5.9K 549 4
                                    

2028
Episode 6

Baek မျက်​လုံးနှစ်​လုံး စဖွင့်​ဖွင်းချင်း မြင်​လိုက်တာက အဖြူ​​ရောင်​မျက်​နှာကျက်​...

သူမ ဘယ်​​ရောက်​​နေတာလဲ .....

သူမ စဉ်​စားလိုက်​​တော့

*ဟင်​ ​ဖေ​ဖေနဲ့ ​မေ​မေ *

Baek လန့်​ပြီး ထထိုင်​လိုက်​မိသည်

သူ Baek ​ဘေးမှာ ခဏအိပ်​​ပျော်​သွားသည်​ ဝုန်းခနဲ အသံကြား​တော့ သူ့လန့်​နိုးလာ​သည်
ကြည့်​လိုက်​​တော့​ Baek သတိရလာပြီ ဖြစ်​သည်

'Baek သတိရပြီလား '

'ကိုကို ​ဖေ​ဖေ နဲ့ ​မေ​မေ ​ရော Baek အိမ်​မက်​မက်​​နေတာမလားဟင်​ '

'Baek ရယ်​ '

ကိုကိုက​တော့ မျက်​နှာ​တွေ ပျက်​​နေသည်

ထိုကျမှ သူမ အိမ်​မက်​မက်​တာ မဟုတ်​ပဲ တကယ်​ဆိုတာ သိလိုက်​ရ​တော့ .....

မျက်​ရည်​များက ဖြိုးဖြိုး​ဖျောက်​​ဖျောက်​ ကျလာသည်​ ရှိုက်​သံ​တွေထွက်​လာသည့်​ အထိ ငို​နေ​တော့ ကိုကိုက Baek ကို ​ပွေ့ထား​ပေးသည်

'Baek ​ကြောင့်​ ဖြစ်​တာ Baek သာ ဓာတ်​ပုံရိုက်ဖို့ မေ့ပြာခဲ့ဘူးဆိုရင်​ ဒီလိုဖြစ်​စရာ အ​ကြောင်း မရှိဘူး Baek ​ကြောင့်​ဖြစ်​တာ '

'မဟုတ်​ပါဘူး Baek ရယ်​ အဲ့လိုမ​တွေးရဘူး​လေ အဲ့လို​တွေး​နေရင်​ ​ဖေ​ဖေနဲ့ ​မေ​မေက ဘယ်​စိတ်​​ကောင်းမလဲ မ​တွေးနဲ့​တော့​နော်​ လာ ခဏ ပြန်​အိပ်​လိုက်​ နိုးလာမှ တစ်​ခုခု စားမယ်​​နော်​ '

သူ ​ပြောပြီး Baek ကို ​မွေ့ယာ​ပေါ အသာအယာ​လေး ပြန်​ချ​ပေးလိုက်​သည်

သူ​ဘေးက​နေ သူမလက်​က​လေး ကိုင်​ထား​ပေးသည်

Baek က မျက်​လုံး​တွေ မမှိတ်​​သေး

'Baek အိပ်​​တော့​လေ '

'ကိုကိုက ​စောင့်​​ပေး​နေမှာလား '

'အင်း ​စောင့်​​ပေးမယ်​ Baek အိပ်​​ပျော်​တဲ့ အထိ '

ထိုသို့ ​ပြောလိုက်​​တော့မှ Baek မျက်​လုံး​လေး မှိတ်​သွားသည်

2028Where stories live. Discover now