Episode 2

7.7K 611 0
                                    

သူတို့ အိမ်ပြန်ရောက်တော့ နှစ်ယောက်သား ရယ်မောပြီး အိမ်ထဲ ဝင်ခဲ့တော့ မေမေက

'ဒီမောင်နှမ နှစ်ယောက် ဘာတွေ ရယ်နေကြတာလဲ '

'ကိုကိုကို ပြောနေတာ မေမေရဲ့ ကိုကိုရည်စားထားရင် Baek ကြည့်ပြီးမှ ထားရမှာလို့ '

'ဘာလဲ သားက ရည်စားထားချင်နေပြီလား '

'မဟုတ်ပါဘူး မေမေရာ ဒီကောင်မလေး လျောက်ပြောနေတာ '

'အင်းပါ သားရယ် ကဲ သွား နှစ်ယောက်လုံး ရေမိုးချိုးပြီး ပြန်ဆင်းခဲ့ ညစာ စားမယ် '

'ဟုတ်ကဲ့ မေမေ '

########

'ဟဲလို ကိုကို '

'Baek ပြောလေ '

'ကိုကို ပြန်လာရင် အာလူးကြော် ဝယ်ခဲ့ပေးနော် Baek စားချင်လို့ '

'အင်း ဝယ်ခဲ့မယ် တခြားရော ဘာစားချင်သေးလဲ '

'အင်း ပန်းသစ်တော်သီးနဲ့ စပျစ်သီး '

'ok ဝယ်ခဲ့မယ် ဒါပဲနော် Baek '

'ဟုတ်ကဲ့ ကိုကို '

Baek ဒီနေ့ ကျောင်းပိတ်လို့ ဘယ်မသွားဖြစ်။အိမ်မှာပဲ TV ကြည့်နေတုန်း မုန့်စားချင်လို့ ကိုကို ကို မှာလိုက်တာ။

Baek က တစ်ခါတစ်ရံ အဲ့ လိုပဲလေ။စားချင်တာ စားရမှ။ကိုကိုကလဲ Baek ကို အလိုလိုက်တယ်လေ။

ကိုကိုကို ချစ်နေရတာ အဲ့ဒါတွေကြောင့်ပေါ့။

######

Baek အထက်တန်းလဲ ပြီးတော့မယ်။မနက်ဖြန်ဆို စာမေးပွဲဖြေပြီလေ။

Baek စာကျက်နေရင်း ညောင်းတာနဲ့ အောက်ဆင်းပြီး တစ်ခုခုစားမလို့ အောက်ရောက်တော့ မေမေတို့က မအိပ်သေး။TV ကြည့်နေကြသည်။ကိုကိုလဲ ကြည့်နေသည်။

'သမီး စာကျက်တာညောင်းလို့ ဆင်းလာတာလား '

'ဟုတ်တယ် မေမေ ပြီးတော့ ဗိုက်လဲ ဆာလာလို့ ဟီး'

မေမေက ပြုံးလိုက်ပြီး

'ဟုတ်ပါပြီ ကဲ ထိုင်နေ မေမေ သွားယူပေးမယ် '

'ဟုတ် '

သူမထိုင်ပြီး ဖေဖေတို့နဲ့ အတူ TV ကြည့်နေလိုက်သည်။

2028Donde viven las historias. Descúbrelo ahora