Episode 5

5.6K 539 7
                                    

2028

Baek ကိုကို လက်မောင်းကို တွဲလျောက်ရင်း တွေးနေမိသည်

ကိုကိုသာ baek အနားမှာ ရှိနေတာ အရမ်းပျော်တာ

ပဲ ကိုကိုသာ baek အနားမှာ မရှိရင် ဟင့်အင်း မဟုတ်ဘူး

တွေးရင်းနဲ့တင် မျက်ရည်က စ်ို့လာသည်

'Baek ရေ ကိုကိုတို့ လျောက်လာတာ ....'

Yeol Baek ကို ငုံ့ကြည့်လိုက်တော့

'ဟင် Baek ငိုနေတယ် ဘာလို့လဲ '

Baek သူမ ပါးပြင်​​ပေါက မျက်​ရည်​​လေး​တွေကို သုတ်​လိုက်​ပြီး

'ကိုကို က Baek အနားမှာ အမြဲရှိ​နေမှာမှ မဟုတ်​တာ '

'Baek ကို ဘယ်​သူက ​ပြောလဲ ကိုကိုက Baek နားမှာပဲ အမြဲ​နေမှာ​ပေါ့ ကိုကိုက Baek နားမှာ မ​နေလို့ ဘယ်​သူ့နားမှာ ​နေရမှာလဲ '

'တကယ်​​နော်​ ကတိ ကတိ '

Baek ​ပျော်​သွားပုံက က​လေးဆန်​စွာ ဖြူစင်​​တယ်

'ကတိ ကတိ '

လက်​သန်းချင်းချိတ်​ပြီး ကတိ​ပေးလိုက်​သည်

'ဟာ ကိုကို ​နေထွက်​လာပြီ ကြည့်​လိုက်​ လှလိုက်​တာ '

Baek ​ပျော်​ပြီး ​နေထွက်​လာတာကို လက်​ခုပ်​တီးပြီး ခုန်​​နေသည်​​လေ

သူက Baek ကို ကြည့်​ရင်း ပြုံးမိသည်

အရမ်းကို က​လေးဆန်းပြီး ချစ်​စရာ ​ကောင်းလိုက်​တာ Baek ရယ်​ ........

~~~~~~~~~

Baek လဲ ​နေမ​ကောင်းဘူးဆို​တော့ ကြာကြာမ​နေ​တော့ပဲ ​နောက်​​ထပ်​ တစ်​ရက်​​နေပြီး ပြန်​ခဲ့သည်

ကား​ပေါမှာလဲ သီချင်းဆိုလိုက်​ စကား​ပြောလိုက်​နှင့်​ Baek တို့ ​ပျော်​​ပျော်​ကြီး ပြန်​ခဲ့တာ​ပေါ့

တစ်​​နေရာ​ရောက်​​တော့ ရှုခင်းက အရမ်းလှ​နေလို့

'ကိုကို Baek ဓာတ်​ပုံရိုက်​ချင်​တယ်​ ဟို​နေရာမှာ '

Baek လက်​ညှိး​လေး ​ပြောပြီး ​ပြောလိုက်​သည်

'​ဖေ​ဖေနဲ့ ​မေ​မေကို ​ပြော​လေ '

'​ဖေ​ဖေ ​မေ​မေ '

Baek Puppy Eyes ​လေးနဲ့ ​ပူဆာလိုက်​သည်

'ရိုက်​ချည်​​လေ သမီး '

'Yay ကိုကို ရပ်​​တော့ '

ကိုကို ကားရပ်​ရပ်​ချင်း Baek ကား​ပေါက ဆင်းခဲ့ပြီး ကိုကို လိုက်​ခဲ့​တော့ ဆိုပြီး ထို​နေရာကို ​ပြေးသွားသည်

Yeol က​တော့ သူ့ညီမ​လေးကို ကြည့်​ပြီး မနို​င်​ဘူးဆိုတဲ့ အပြုံးနှင့်​ ကား​ပေါက ဆင်းပြီး Baek ​နောက်​ လိုက်​သွားသည်

Baek က​တော့ Yeol ကို Camera ​ပေးပြီး Post ​တွေ အမျိုးမျိုး​ပေး​နေတာ​ပေါ့

ထိုအချိန်​ Baek တို့ မထက်​မှတ်​ထားတဲ့ အဖြစ်​အပျက်​တစ်​ခု ......

Yeol ရပ်​ထားတဲ့ ကားကို ဟိုဘက်​လမ်းက လာတဲ့ ကုန်​တင်​ကားကြီးတစ်​စီး အရှိန်​မထိန်းနိုင်​ပဲ ကားကို တိုက်​သွားသည်

ကားက ​ဘေးက ​ချောက်​ထဲကျသွားသည်

ထိုအဖြစ်​အပျက်​ကို ကြည့်​​နေတဲ့ သူနှစ်​​ယောက်​....

မျက်​စိ​ရှေ့မှာ ဖြစ်​သွားတာ မယုံနိုင်​ .....

Baek ​ကြောင်​​နေပြီး

'ကိုကို ...​ဖေ ​ဖေ ....​မေ ​မေ ...ဘယ်​လို ဘယ်​လို.....'

Baek ထို​နေရာကို ​ပြေးသွားလိုက်​ပြီး

'ကိုကို ​ဖေ​ဖေ တို့ကို ​.....​ဖေ​ဖေတို့ကို .....ပြန်​​ခေါ​ပေးပါ အားးးးး'

Baek ထို​နေရာမှာတင်​ ​မေ့လဲသွားသည်

Yeol လဲ အံ့သြ​နေရာက​နေ Baek သတိ​မေ့သွား​တော့ လှမ်း​ပွေ့လိုက်​သည်

ဖြစ်​ပျက်​သွားတာ​တွေက မြန်​လွန်းလို့ သူ ကိုယ့်​မျက်​စိ​တောင်​ ကိုယ်​မယုံနိုင်​ .....

ခု​တော့ တိုက်​ထားတဲ့ ကားလဲ ​အရှိန်​လွန်​ပြီး ​ဘေးက ​ကျောက်​ဆိုင်​ကြီးနဲ့ တိုက်​ပြီး ​ရှေ့ပိုင်းတစ်​ခုလုံး ​ကျေမွ​နေသည်

ဘာပဲဖြစ်​ဖြစ်​ အဲ့လူ ​သေရင်​​သေ မ​သေရင်​ ​ထောင်​ကျမှာပဲ ဖြစ်​သည်

သူ ရဲ့ မဆင်​မခြင်​ ​မောင်​နှင်​မှု​ကြောင့်​ မိသားစုတစ်​စု ပြိုကွဲသွားရ​လေပြီ .....

TBC

Updateတာလဲ ​နောက်​ကျပါသည်​ တိုလဲ တိုပါသည်​ အ​နော်​ကိုယ့်ဟာကိုယ်​လဲ သိပါသည်​လို့

နောက်​ဆို တစ်​ရက်​ခြားတစ်​ခါ Update မှာပါ​နော်​ ​ကျေးဇူးတင်​ပါတယ်​လို့

2028Where stories live. Discover now