"အိမ်မက်တွေဆိုတာ လူတစ်ယောက်ရဲ့ နှလုံးသားကနေ ရောင်ပြန်ဟပ်လာတာ ..
မင်း stage ပေါ်မှာ ရပ်ရင်း fan တွေကို ကြည့်လိုက်တဲ့ အချိန်
မင်းတကယ်လိုချင်တာက မင်းရဲ့ အိမ်မက် တွေနဲ့ မင်းရဲ့ နှလုံးသားကို fan တွေကို  မြင်စေချင်တာပဲ "

ကျွန်တော့် ကိုတွေ့ရင် ကျွန်တော့် နှလုံးသား ကိုလည်း တွေ့ရမှာပါ..
ကျွန်တော့် နှလုံးသားထဲမှာ နဂါး တစ်ကောင်ရှိတယ်လေ..
သူက ကျွန်တော့်ကို အမြဲ ကာကွယ်ပေးနေတာ..
ကျွန်တော့်ကို ခေါ်ပီး လေထဲမှာ ပျံဝဲရင်း နတ်ပြည်ကို ခေါ်သွားပေးမှာ..

ကျွန်တော့် စာအုပ်ကို  而立24 [ ၂၄ နှစ် အရွယ်တွင် မားမားမတ်မတ် ရပ်တည်နိုင်ခြင်း ] ဆိုပြီး နာမည်ပေးခဲ့တာ အကြောင်းရင်း ရှိပါတယ်....

Confucius (ကွန်ဖြူးရှပ်) က တစ်ခါ မိန့်ခဲ့ဖူးတယ်..

"ယောက်ျား တစ်ယောက်က အသက် ၃၀ အရွယ်ရောက်ရင် ကိုယ့်ဘာသာ ကိုယ် ရပ်တည်နိုင်ရမယ်...
ဘာလို့လဲ ဆိုတော့ ၃၀ ဆိုတာသူ့ ဘဝရဲ့ အထွတ် အထိပ်ကို ရောက်နေပြီ"

ဒီစာအုပ်နာမည်က တကယ်တော့ ကျွန်တော့် လက်ထောက်က အကြံပေးတာပါ....
ကျွန်တော် ကိုယ့်ဘဝ အတိတ်အကြောင်းနဲ့ ပက်သက်ပြီး စာအုပ်ရေးသင့်တယ်..
ဒီထက်ပိုပြီး အများကြီး ကြိုးစားရဦးမှာ ပေမယ့် အောင်မြင်သင့်သလောက် အောင်မြင်နေပြီပဲ....
လို့ သူမက ပြောခဲ့တယ်
ဒါမယ့် ကျွန်တော်က ၂၄ နှစ်ပဲ ရှိသေးတာပါ..
၃၀ ပြည့်ဖို့ ၆ နှစ်တောင် လိုသေးတာ...
အဲ့လို ထုတ်လိုက်လို့ သင့်တော်ပါ့မလားလို့ အကြာကြီး စဉ်းစားခဲ့တယ်..

ဒီစာအုပ်ကို ရေးတာ ကျွန်တော့် အတိတ်ကို အများကြီး သတိရစေပါတယ်..
ကိုယ့် အတိတ်ကို ပြန်ကြည့်ပြီး အနာဂတ်အတွက် ပိုကောင်းအောင် ကြိုးစားနိုင်ဖို့ အသက် ၃၀ အရွယ်မှာ ဒီထက်ပိုကောင်းတဲ့သူဖြစ်နိုင်ဖို့ ကျွန်တော် ရေးဖို့ ဆုံးဖြတ်ခဲ့တယ်
အဲ့ဒါကြောင့်
အသက် ၂၄ ငယ်ငယ်လေးနဲ့ ဒီလို စာအုပ် ထုတ်ခဲ့တာကို စာဖတ်သူတွေ နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်....

ရေးနေတဲ့ အချိန်အတွင်း ကျွန်တော့် အချိန်တွေ ကို ခဏ ရပ်ထားပြီး နောက်ပြန်ကြည့်ခဲ့တယ်..
အတိတ်ကို ပြန်ကြည့်ပြီး ဒီထက်ပိုကြံ့ခိုင်တဲ့ နှလုံးသား နဲ့ အနာဂတ်အတွက် အကောင်း ဆုံးကြိုးစားသွားမှာပါ..

ကျွန်တော် ကမ္ဘာပေါ်က နေရာတိုင်းက  stage စင်တိုင်းပေါ်မှာ ဖျော်ဖြေချင်တယ်..
ဖျော်ဖြေ နိုင်ပါစေ လို့လည်း ဆုတောင်းပါတယ်...
အဲ့ စင်တွေပေါ်မှာ မားမားမတ်မတ် ရပ်ပြီး ကျွန်တော့် နှလုံးသားကို fan တွေကို ပြဖို့ အတွက်
ဆင်းရဲုပြီး လိုအပ်နေတဲ့ လူတွေကို ဒီထက်ပိုပြီး အထောက်အပံ့ပေးနိုင်ဖို့ အတွက်
ကျွန်တော် ကြိုးစားမှုတွေ နဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော့် နှလုံးသားထဲမှာ မြှုပ်နှံထားပြီး အမြဲ သတိရနေမှာပါ..
ပြီးတော့ အဲ့ဒါတွေကြောင့် ဒီနေ့ "ကျွန်တော်"ဆိုတာ ဖြစ်လာတာ ဆိုပြီး အမြဲ နှိုးဆော်နေမှာပါ..

မင်း ရပ်နေတဲ့ နေရာက မင်း ဘယ်လို အရာတွေကို မြင်ရမယ်..
ဘယ်လို အခက်အခဲတွေ တာဝန်တွေကို သည်းခံရမလဲ ဆိုတာ ဆုံးဖြတ်ပေးတာပါ..

ကျွန်တော် လူတိုင်းကို ပြချင်တဲ့ ကျွန်တော့်ပုံစံနဲ့ ကျွန်တော် လိုချင်တဲ့ အနာဂတ်ကို ရဖို့
တစ်ခုတည်းသော နည်းလမ်းက
work!!
work hard!!
hard harder!!

~~~~~

A/N....Xing ge က တော်တော်ပြောတတ်တာပဲ :')
အားလည်း အားပေးသွားတယ်...

book ထဲက preface ပြီးသွားပီနော်..
နောက်လာမှာတွေက သူ့ငယ်ဘဝတွေ..

25.10.15
#Kylin

Lay's AutoBiography 而立24 (Myanmar Translation)Where stories live. Discover now