'ဒါ​ပေမဲ့ ဆိုတဲ့ စကားမ​ပြောပါနဲ့ ကိုကို Baek တို့ တစ်​​ယောက်​ကို တစ်​​ယောက်​ ချစ်​​နေရင်​ ရပါပြီ ကျန်​တာ ဘာမှ မလို​တော့ဘူး '

သူမ ​ပြောရင်း သူ့ရင်​ခွင်​ထဲက​နေ သူ့မျက်​နှာကို ​မော့ကြည့်​လိုက်​သည်

ပြီး​တော့ သူ ဘယ်​လိုမှ ထင်​မှတ်​မထားတာ တစ်​ခု သူမ လုပ်​လိုက်​သည်

ဘာလဲ ဆို​တော့ ​ခြေဖျား​လေး​ထောက်​ပြီး သူ့လည်​ပင်းကို သူမလက်​​လေးနှစ်​ဖက်​နဲ့ သိုင်​ယှက်​ ဖက်​လိုက်​ပြီး သူ့​မေ့ဖျား​လေးကို နမ်းလိုက်​သည်

ပြီး​တော့ ​ပြော​သေးတယ်

'ကိုကိုကို အရမ်းချစ်​တယ်​ 'တဲ့

ဒီက လူက​တော့ ​သေပြီ​ပေါ့ဗျာ

~~~~~~~~

'ကိုကို မြနိမြန်​လာ​တော့​လေ Breakfast စားရ​အောင်​ ​စောင့်​​နေတာ ကြာလှပြီ baek ဗိုက်​စာ​နေပြီ '

သူ ​လှေကား​ပေါက ဆင်းလာတာကို မြင်​ရဲ့သားနဲ့ ​အော်​​ခေါ​နေပြန်​ပြီ

ဒါ​ပေမဲ့လဲ နာဝင်​​တော့ ချိုသား ဒီလို အသံ​လေး​တွေ ဒီအိမ်​မှာ မကြားရတာ အ​တော်​ကြာ​နေပြီ​လေ

သူလဲ မီးဖိုခန်းထဲ ဝင်​ခဲ့ပြီး သုမနဲ့ အတူ Breakfast စားလိုက်​သည်

ပြီး​တော့ ဧည့်​ခန်းထဲမှာ TV ထိုင်​ကြည့်​​နေလိုက်​သည်​ အလုပ်​လား အလုပ်​မသွား​တော့ဘူး​လေ ဒီလို​နေ့မှာ အလုပ်​သွားရင်​ ကျွန်​​တော်​ အရူးဖြစ်​သွားမှာ​ပေါ့

သူ TV ထဲ စိတ်​​ရောက်​​နေတုန်း သူ့​ဘေးမှာ ဝင်​ထိုင်​လိုက်​တဲ့ Baek

'ကိုကို '

'ဟင်​ '

'Baek တို့ ​Shopping ထွက်​ရ​အောင်​ '

'အင်း သွား​လေ ဘယ်​အချိန်​လဲ '

'9 နာရီ 10 နာရီ​လောက်​​ပေါ့ ​နေ့လည်​စာကို အပြင်​မှာ စားမယ်​ ည​နေစာအတွက်​ Market ထဲက ချက်​စရာ​တွေ ဝယ်​လာပြီး အိမ်​မှာ ချက်​ပြီး စားမယ်​ ဘယ်​လိုလဲ '

'ဟုတ်​ကဲ့ မမ​လေး Baek သ​ဘောအတိုင်းပါပဲ '

သူ ​ပြောလိုက်​​တော့ သ​ဘောကျစွာ ရယ်​​နေတဲ့ သူမ .....

သူမ ​ပျော်​ရင်​ သူလဲ ​ပျော်​တယ်​​လေ

~~~~~~~~

ခဏ​နေ​တော့ သူမတို့နှစ်​​ယောက်​ ပြင်​ဆင်​ပြီး သူမ ကိုကိုလက်​ကို ချိတ်​ကာ Shopping Mall သို့ ထွက်​ခဲ့သည်

သူမ သူ့အတွက်​​ရော သူမအတွက်​ပါ တစ်​ဆိုင်​ဝင်​ တစ်​ဆိုင်​ထွက်​နှင့်​ ဝယ်​နေသည်

သူ့အတွက်​ သူ့ကိုယ်​နဲ့ ကပ်​ကြည့်​လိုက်​ သူမဟာ သူမ လိုက်​တယ်​ မလိုက်​ဘူး ဆုံးဖြတ်​​နေတယ်​​လေ

သူ သူ့အတွက်​ ကိုယ်​တိုင်​​ရွေး​ပေး​နေတဲ့ သူမကို ကြည့်​ရင်း ပီတိ ဖြစ်​မိ​နေတယ်

ဝယ်​​နေရင်း အချိန်​​တွေက ကုန်​မှန်းမသိ ကုန်​သွားသည်

နေ့လည်​စာ စားချိန်​​တောင်​ ​ရောက်​သွားပြီ​လေ

'ကိုကို baek တို့ Thai ဆိုင်​မှာ စားမယ်​​နော်​ '

'Baek သ​ဘော​လေ '

သူမတို့ Thai ဆိုင်​မှာ စားပြီး​တော့ အိမ်​အတွက်​ ချက်​စရာ​တွေ ဝယ်​ဖို့ Market ထဲ ကို ဝင်​ခဲ့သည်

ကိုကိုက တွန်းလှည်းတွန်း သူမက​တော့ လိုတာ​တွေ ထည့်​​ပေါ့

တစ်​​နေရာ​ရောက်​​တော့ သူမ လှမ်းမြင်​လိုက်​တာ

'​မေ​မေ '

TBC

မီးပျက်​သွားပြီ ခ်​ခ်

အ​နော်​ ကတိတည်​တယ်​​နော်​ ​နေ့တိုင်းအပ်​​ပေးတယ်​ Reader ​လေး​တွေလဲ Feedback ​ပေး​နော်​ Saranghae :* :*

Baek အ​မေနဲ့ ​တွေ့​ပေးလိုက်​ရမလား ဒါမမဟုတ်​ CB Mm ​လေး​တွေ ​​ရေး​ပေးရဦးမလား ဒီအပိုင်းလဲ CB mm ​လေး​တွေ အနည်းငယ်​ပါတယ်​​နော်​ ခ်​ခ်

မနက်​ဖြန်​ တစ်​ပိုင်း​ပေါ့​နော်​ (အ​တော်​လျှာရှည်​တဲ့ အာသာ​နော်​ :)

Feedback pls :)

2028Onde histórias criam vida. Descubra agora