Volume-10(Uni)

93 11 0
                                    


ဧသာမင်းသမီးငယ်လေး၏ သွေးခုန်နှုန်းအားစမ်း

ကြည့်နေပေမယ့် ဘာမှထူးခြားမှုရှိမနေသောကြောင့်

ခေါင်းနပန်းကြီးရသူမှာ နန်းတွင်းသမားတော်ပင်။

ရုပ်ပိုင်းအခြေအနေကား

မူမမှန်အောင် ဆိုးရွားနေပေမယ့်

ကိုယ်တွင်းသွေးကြောအ‌ခြေအနေများက

ပုံမှန်ဖြစ်နေလေသည်။

ဇဝေဇဝါဖြစ်ဟန်တူနေသော သမားတော်ကြောင့်

"တစ်ကယ်ပဲ....မင်းသမီးငယ်လေးဆီမှာ

ဘာဖြစ်နေတာလဲ...အမှန်အတိုင်း ငါကိုယ်တော်ကို

လျှောက်တင်စမ်း..."

"အရှင်မင်းသမီးဘုရား...ဒီလိုပုံမှန်သွေးခုန်နှုန်းနဲ့

မူမမှန်တဲ့အခြေအနေမျိုးက ရောဂါလို့

အမည်တပ်ခေါ်လို့မရတဲ့အထိ ထူးဆန်းလွန်း

နေပါတယ်ဘုရား...ကျွန်တော်မျိုး

ဉာဏ်မမှီတာလည်းဖြစ်ချင်ဖြစ်နိုင်ပြီး

စဉ်းစားလို့ရမိတဲ့ တစ်ခုတည်းသော အဖြေက...."

ပြောရင်း စကားစရပ်တန့်သွားသော

သမားတော်ကြောင့်

"လျှောက်တင်...."

"ကျိန်....ကျိန်စာဖြစ်နိုင်ကြောင်းပါ ဘုရား...."

ပြောလည်းပြော ခေါင်းကိုဦးတိုက်ကာ

"အတင့်ရဲမိလို့ သေသင့်ပါတယ်ဘုရား..."

ဟူ၍ ပြာပြာသလဲလျှောက်တင်လေသည်။

ထိုအခါရုဇာက မျက်မှောင်ကြုံ့လိုက်၍

"ကျိန်စာ....အသင်ပြောတဲ့ဒီစကားနှစ်လုံးကို

နန်းတော်မှာဘယ်လောက်ထိ တားမြစ်ထားလဲဆိုတာ

သိတယ်မလား...

ဒါ‌တောင်မှ သတ္တိရှိရှိပြောလာရဲတယ်ဆိုတော့

အသင့် မှာသက်သေများရှိနေသလား...."

မေးလိုက်လေလျှင်

"အရှင်မင်းသမီးဘုရား....မရှိကြောင်းပါဘုရား..."

"ဒီနေရာမှာ ငါကိုယ်တော်မင်းသမီးတစ်ယောက်လုံး

ဘ၀အဆက်ဆက် သွေးမြေခလေသော်(GL)(Uni+Zaw)Where stories live. Discover now