Volume-6(Uni)

125 11 2
                                    


ရုဇာတည်းခိုနေထိုင်ရာ နန်းဆောင်တော်...

ညနေဘက် ခေါင်းလောင်းခြောက်ချက်ထိုးအချိန်--

ချိန်းဆ်ိုထားသည့်အချိန်ကျော်သွားသည့်တိုင်

ဧသာရောက်မလာခဲ့သည်မို့

" ကိုယ်တော်မင်းသမီးကို လုံး၀ မျက်လုံးထဲတောင်

ထည့်မထားတာပဲနော်...ဧသာ..."

ပြောရင်း သေရည်ပန်းကန်လေးကို

ဆွဲမော့လိုက်လေသည်။

အဟွတ်....အဟွတ်....

ပထမဦးဆုံးအကြိမ် သောက်ဖူးခြင်းပင်။

ဆိုးလိုက်တဲ့အရသာဆိုပေမယ့် ရင်ထဲမှာ

ဖြစ်နေတဲ့ခံစားချက်တွေကိုတော့ အနည်းငယ်

သက်သာစေသည်လေ။

ဘာလို့များ စောစောမသိခဲ့ရပါလိမ့်...

ထိုနေရာတွင်ပင် မှောက်သွားရလောက်သည်အထိ

ဘယ်နှခွက်လောက် သောက်လိုက်မှန်းပင်မသိ။

ထိုစဉ်ပင်....

ဝေဝါးစွာမြင်နေရသော တံခါးပေါက်သည်

ဖြေးဖြေးချင်းပွင့်လာခဲ့လေသော်....

ရုဇာသိပါသည်။ဘယ်လောက်ပဲသူမမူးနေပါစေ

ထိုပုံရိပ်လေးကိုတော့ သူမမေ့သွားမှာမဟုတ်။

တစ်စတစ်စနီးကပ်လာသည့် ထိုပုံရိပ်လေးအား

"ဧသာ....ကိုယ်တော်မင်းသမီးကိုလာကြည့်တာလား

နောက်ကျလွန်းတယ်...." ဟု တိုးညှင်းစွာပြောရင်း

အိပ်ပျော်သွားခဲ့လေသည်။

သူမ အမြင်မှားနေတာမဟုတ်ခဲ့‌။

ဧသာမင်းသမီး တစ်ကယ်ရောက်လာခဲ့သည်။

ကောင်းသည့်ရယ်ရွယ်ချက်နှင့်လာခြင်းတော့မဟုတ်

လက်မှာ ဓားမြှောင်တစ်ချောင်း

ကိုင်ထားသေးသည်‌ပင်....

စားပွဲပေါ်တွင် သတိမဲ့စွာဖြင့် အိပ်ပျော်လျက်

ရှိနေသော ရုဇာ၏လည်ပင်းသို့ချိန်ထား၍

ဘ၀အဆက်ဆက် သွေးမြေခလေသော်(GL)(Uni+Zaw)Where stories live. Discover now