volume-9(Uni)

159 18 2
                                    


သူမဘက်ကိုတစ်ချက်မှ လှည့်ကြည့်မလာသော

ထိုကလေးငယ်အား

"ဧသာ...ကိုယ်တော်မင်းသမီးနားမှာလာနေလို့လည်း

ကိုက်မစားပါဘူး...."

ပြောလေသော်လည်း

ဘာမှမတုံ့ပြန်လာသည်မို့ ရင်ဘတ်တထုထုနှင့် ‌

ချောင်းတဟွတ်ဟွတ်ဆိုးပြလိုက်သည်။

ထိုအခါမှ ဧသာလှည့်ကြည့်လာ၍

အလောတကြီးထလာပြီး

"ဘာဖြစ်တာလဲ.....ရင်ဘတ်အောင့်နေတာလား..? "

စိုးရိမ်သံဖြင့်ပြောရင်း လှမ်းလာသည့်

ထိုကလေးငယ်၏

လက်ကို ဆွဲကာ အိပ်ရာဘေးတွင်ထိုင်စေလေသည်။

ထို့နောက် လက်ကိုမလွှတ်ပေးဘဲ အခန်းပြင်ဘက်သို့

ချောင်းဟန့်သံပေးလိုက်လေလျှင်

အစေခံတစ်ချို့၀င်လာကာ စားတော်တည်ရန်အတွက်

ပြင်ဆင်ပေးကြလေသည်။

ထိုအချိန်တွင် အခွင့်အရေးကို

အမိအရယူ၍ ထပြေးရန်အတင်းရုန်းနေသော

ထိုကလေးအား ရင်ခွင်ထဲ အတင်းဆွဲဖက်ပစ်

လိုက်သည်။

အ‌စေခံများ၏ မသိမသာ ဝိုင်းကြည့်နေပုံကြောင့်

မျက်နှာတစ်ပြင်လုံး ရဲတက်သွားသော

ဧသာတစ်ယောက်။

ထိုစဉ်တွင်ပင် သူမ၏နားရွက်ဖျားလေးအား

လေနွေးနွေးလေးဖြင့် မှုတ်လာသောကြောင့်

တစ်ကိုယ်လုံးတုန်ယင်သွားခဲ့ကာ

နှုတ်ကလည်းအလိုအလျောက်

"နင်   !!! "

"ဘာလို့အဲ့လောက်‌တောင်ရှက်သွားရတာလဲ...?

ပြောရရင် ကိုယ်တော်တို့

ဒီထက်ပိုတာတွေတောင် လုပ်ဖူးခဲ့ကြတာပဲလေ

မဟုတ်ဘူးလား...ဧသာ"

ထိုစကားကြောင့် ဧသာ ထိုမိန်းမကို

ဘ၀အဆက်ဆက် သွေးမြေခလေသော်(GL)(Uni+Zaw)Wo Geschichten leben. Entdecke jetzt