Volume-8(Zawgyi)

22 3 0
                                    


ညတစ်ညလုံး ကိုယ်တွေပူကျစ်ပြီး

အဖျား‌တောက်လျှောက် တက်နေသော

ဧသာ့အား မပျင်းမရိရေပတ်တိုက်ပေးနေသူမှာ

ရုဇာပင်။

တစ်ချက်တစ်ချက်ဆို အသံသေးသေးလေးဖြင့်

ညည်းလေသည်မို့ အိပ်ရာပေါ်တက်ကာ

ဧသာ့အား ရင်ခွင်ထဲထည့်၍

ချော့ရသေးသည်။

အဖျားတက်နေသည်မို့လို့ဖြစ်မည်။

ရုဇာသဘောကျ ရင်ခွင်ထဲထည့်ထားသော

ထိုကလေးငယ်သည် ငြိမ်သက်လို့နေသည်မို့

သူမမှာ အသည်းတယားယား ဖြစ်ရသေးသည်။

ခဏအကြာ

အိပ်မက်ဆိုးမက်သည်ထင်။

ထိုကလေးငယ်သည် သူမရင်ခွင်ထဲ

ပို၍တိုးဝင်ကာ အတင်းဖက်လာလေသည်မို့

ရုဇာပြုံးလိုက်ပြီး

"တစ်သက်လုံး ကိုယ်တော်မင်းသမီးဘေးမှာ

ဒီလိုလေးပဲ အိပ်ပျော်နေစေချင်မိတယ်...ဧသာ "

ဟူ၍ ရေရွတ်မိသည်။

ထို့နောက် ဧသာ နဖူးပြင်လေးအား အသာ

နမ်းရှုံ့ပြီး ကျောပြင်လေးအား ပုတ်ပေးရင်း

ပွတ်ပေးရင်းဖြင့် ရုဇာလည်း ထိုအတိုင်းသာ

အိပ်ပျော်သွားခဲ့လေသည်။

###############################

နောက်တစ်နေ့မနက်

ခေါင်းတစ်ခုလုံးထုံကျင်နေသေးသည်ဆိုပေမယ့်

ခံစားမိနေသော နွေးထွေးမှုကြောင့်

မျက်လုံးလေးအသာဖွင့်ကြည့်မိသည်။

မြင်နေရသော ဝိုးတဝါး မြင်ကွင်းကြောင့်

ခေါင်းလေးအသာ မော့ကြည့်လိုက်လေလျှင်

မျက်ခုံး၊မျက်လုံး နှာတံနှင့် နှုတ်ခမ်းကအစ

ပြစ်မျိုးမဲ့မထင် လှပလျက်ရှိနေသော

ထိုမိန်းမ၏ မျက်နှာအား မြင်လာရလေသည်။

ဘ၀အဆက်ဆက် သွေးမြေခလေသော်(GL)(Uni+Zaw)Where stories live. Discover now