မြူခိုးများဖြင့်ဖုံးလွှမ်းနေသော
တိမ်တိုက်အလယ်တွင်...
အမှောင်ထုကို အံတု၍ ပြိုးပြိုးပြက်ပြက်လင်းလက်
တောက်ပနေသော လပြည့်မင်းကြီးကား...
မှောင်မိုက်နေသော ညနှင့်အလွန်ပင်
လိုက်ဖက်နေလေသည်။
ထိုကဲ့သို့ ပြီးပြည့်စုံသော ညတစ်ညသည်ကား...
တစ်ယောက်သောသူအတွက်
သွေးမြေခသော နေ့ဖြစ်နေသည်ကိုတော့
မည်သူမျှ သိခဲ့ကြမည်မဟုတ်ပေ...
(ဒိုင်း..!!!)
သန်းခေါင်ယံ အချိန်ဖြစ်လင့်ကစား
တိတ်ဆိတ်နေသည့် ညကို ဖြိုခွင်းသွားသည့်
သေနတ်သံကြောင့် အိပ်တန်းတက်နေသော
ငှက်များသည်ပင် ကြောက်လန့်၍
ထပြန် ကြကုန်လေသည်။
အဝေးပြေး လမ်းမကြီးဘေး ချောက်အစွန်းပေါ်တွင်
ခြေလှမ်းတွေကို ဆောက်တည်ရာရအောင်
မနည်းထိန်းရင်း သွေးတစ်စိမ့်စိမ့် ထွက်နေသော
ဝမ်းဗိုက်ဒဏ်ရာကို လက်ဖြင့်ဖိထားသော
မိန်းမငယ်လေးတစ်ယောက်...
အသက်အရွယ်အားဖြင့် ၂၀ ကျော်လောက်သာ
ရှိဦးမည်ထင်သည်။
ရှိုက်သံပင်ကြားနေရသော အသက်ရှုသံဖြင့်...
ပြောလာသော စကားလုံးများသည်ပင်
အလွန်တည်ငြိမ်လှသည်။
"ဘာလို့...လဲ? "
သေနတ်ပြောင်းကို သူမနှလုံးသားတည်တည့်ချိန်ကာ
ရှေ့တည့်တည့်တွင် ရပ်နေသော မိန်းကလေး၏
မျက်လုံးထောင့်တို့သည် နီရဲလျက်...
သူမ မေးခွန်းကိုကြားလျှင်ပင် မတွန့်မဆုတ်ပဲ
တုံ့ပြန်လာသည့် အဖြေမူကား....
"ငါတို့နှစ်ယောက်ကြားမှာ အချစ်ဆိုတဲ့အရာ
ဘယ်တော့မှဖြစ်တည်လာမှာမဟုတ်ဘူး...." တဲ့
أنت تقرأ
ဘ၀အဆက်ဆက် သွေးမြေခလေသော်(GL)(Uni+Zaw)
أدب تاريخي🌹🌹🌹 *ဧသာ...မင်းက ငါမင်းသမီးတစ်ယောက်ထဲရဲ့ အပိုင်ဘဲ...ဒီတစ်သက်လုံး ငါကိုယ်တော်ကို မချစ်မနှစ်သက်ဘဲ မုန်းနေမယ်ဆိုရင်တောင် ကိစ္စမရှိဘူး....ငါကိုယ်တော်ကို ဒီ့ထက်မက ပိုပြီးမုန်းနေရအောင်ပဲ လုပ်ပေးမယ်.... ကိုယ်တော်မင်းသမီး တစ်ခုသတိထားမိတယ်သိလား လူ...