Volume-7(Uni)

180 15 4
                                    


"ခမည်းတော်ဘုရား....."

အသံနှင့်အတူ စာကြည့်ဆောင်ထဲသို့

၀င်လာသော ရုဇာကြောင့် ဘုရင်ကြီးမှာ

မျက်နှာပြုံးပန်း၀မ်းသာစွာဖြင့် ထိုင်နေရာမှ

ခပ်သုတ်သုတ်ထလာလေသည်။ပြီးလျှင်

ရုဇာအားပြေးဖက်လိုက်၍

"ရုဇာ....ကိုယ်တော့်ရတနာလေး....

နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့....

မျှော်တော်မူလိုက်ရတာကွယ်...."

ပြောတော့ ရုဇာကပြုံးရင်း

"ခမည်းတော်ကိုကြည့်ရတာ အရင်ကထက်

ပိုသာလို့ နေလို့ကောင်းနေပုံရှိနေပါပြီဘုရား..."

ထိုအခါ ဘုရင်ကြီးက ရုဇာအား

ပုံမှန်အတိုင်း လက်ဖက်ရည်ကြမ်းနှင့်

ပွဲကျလျက်ရှိသော စစ်တုရင်ထိုးရာနေရာ‌သို့

ခေါ်သွားလေသည်။

အတူတူစစ်တုရင်ထိုးရင်း စကားဖောင်ဖွဲ့၍

ပြောလေပြီး ညနေသို့ရောက်လာသော်

ဘုရင်ကြီးအား အရိုအသေပေး၍

ပြန်ရန်လုပ်လေသည်။

ထိုအခါမှ ဘုရင်ကြီးက စစ်တုရင်ခုံပေါ်

ကျားစေ့အမဲတစ်ခုချလိုက်ရင်း

"ရုဇာ....ကိုင်တွယ်နိုင်နေတဲ့မီးကို

ရေမလောင်းချင်ဘူးဆိုရင်တောင်

အဲ့ဒီ့ထက်တော့ဆက်ပြီး ကြီးမားလာခွင့်မပေးနဲ့နော်

မီးဆိုတာကြာကြာကစားရင် ကိုယ့်ကိုကိုယ်ပါ

ပူလောင်လာစေတယ်...." ဟူ၍

မိန့်လေသည်။

ဉာဏ်ကောင်းသူပီပီ ခမည်းတော်ဆိုလိုသည့်အရာကို

သူမသဘောပေါက်ပါသည်။

ရုဇာ စာကြည့်ဆောင်မှ ထွက်လာခဲ့ပြီး

အဆောင်တော် ပြန်လာရာလမ်း....

*မီး....တဲ့လား....? *

ခြေလှမ်းတွေကိုအသာလျှောက်လှမ်းရင်း

အတွေးရှည်ကြီးတစ်ခုကလည်း

ဘ၀အဆက်ဆက် သွေးမြေခလေသော်(GL)(Uni+Zaw)Where stories live. Discover now